တန့်ယန်းမှာ ကျားဖြန့်လုပ်သူ ၁၀၀၀ ကျ...
ကလေးမှာ စက်သုံးဆီ အလုအယက်ဝယ်ယူနေကြ...
တရုတ်က အခိုင်အမာ ရပ်တည်နေတယ်လို့ စစ...
ဒီဇင်ဘာပိတ်ရက်အတွက် ချောင်းသာနဲ့ င...
ငဖဲက ချင်းရွာတွေမှာ ငှက်ဖျားဆေးပြတ...
“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (နိုဝင်ဘာလ ၁၁ ကနေ ၁၆ ရက်...
“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (နိုဝင်ဘာ ၁၁ ကနေ ၁၆ ရက်နေ့အ...
ဒီတစ်ပတ် ကျပ်ငွေ အခြေအနေ (အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်နေ့အ...
ဒီတစ်ပတ် ရွှေဈေး အခြေအနေ (အောက်တိုဘာ ၆ ရက်မှ ၁၂ ရက်နေ့...
“ဒီတစ်ပတ် စက်သုံးဆီ အခြေအနေ” (စက်တင်ဘာ ၃၀ ရက်မှ အောက်တ...
“ကြောက်တာလား..? ရင့်တာလား..? မခန့်တာလား..? ဗိုလ်မင်းအောင်လှိုင်”
တော်လှန်ရေး နှေးသလား၊ မြန်သလား စောင့်ကြည့် ဝေဖန်သူများရှိနေကြောင်း ကာကွယ်ရေး၀န်ကြီး ပြောကြား
ပြည့်တန်ဆာများနှင့် ပျော်ပါးသည့် စစ်ကောင်စီတပ်သားများ ငွေကြေးလိမ်လည်ခံရသဖြင့် ခေါင်းဖြစ်သူကို ဖမ်းဆီးရာ ရဲတစ်ဦးဖြစ်နေ
“သင်သွားလိုရာ သွားနိုင်ပါပြီ ရဲဘော်မောင်အုန်း”
(၁)သန်းခေါင်စာရင်း သုံးရက်မြောက်နေ့အထိ ရခိုင်၊ ကရင်နီ၊ ချင်း၊ ကရင်တို့မှာ မကောက်နိုင်သေးတဲ့သတင်း
(၂)သီပေါတစ်မြို့လုံးသိမ်းနိုင်တော့မယ်လို့ TNLA ပြောလိုက်တဲ့သတင်း
(၃)PV နဲ့ ဗီဇာလျှောက် ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ပိတ်တယ်ဆိုပြီး ထပ်ကြေညာလာတဲ့သတင်း
(၄) ထိုင်းအစိုးရက အောက်တိုဘာ ၁၇ ရက်နေ့မှာ သုံးလုံးထီ စမ်းရောင်းမယ်ဆိုတဲ့သတင်း
(၅)လက်ဘနွန်မှာ အစ္စရေးတပ်ဖွဲ့ဝင်ရှစ်ဦးသေဆုံးရပြီးနောက် ဘေရွတ်မြို့လယ်ကောင်ကို လေကြောင်းကနေ ပြန်တိုက်ခိုက်လို့ လူခြောက်ဦးသေဆုံးခဲ့ရတဲ့ သတင်း
စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကို CJ Platform ရဲ့ Daily CJ Report မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။
Youtube တွင်ကြည့် ရှုရန်>>> https://youtu.be/GnXqMurFElY
ကရင်ပြည်၊ မြဝတီ မြို့နယ်၊ သင်္ဃန်းညီနောင် ဒေသရှိ ညီနောင်စစ်ဗျူဟာကုန်း နှင့် ခမရ ၃၅၇ တပ်စခန်းတို့အား ယမန်နေ့ နေ့လယ်ပိုင်းအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များမှ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်လက်နက်ပစ္စည်း အမြောက်အမြားနှင့် သုံ့ပန်းများ ဖမ်းဆီးရမိကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
သိမ်းပိုက်ရရှိထားသည့် စစ်လက်နက်များမှာ များပြားလွန်းသဖြင့် မြေပြင်တပ်ဖွဲ့များမှ ကားများဖြင့် အခေါက်ရေများစွာ သယ်ဆောင် နေရကြောင်း မြေပြင် တော်လှန်ရေးရဲဘော် တစ်ဦးမှ CJ Platform သို့ပြောသည်။
“သိမ်းတာကတော့ ဗျူဟာကုန်း အရင်ရတယ်ပြောရမယ်ပေါ့နော်။ လက်နက်တွေလည်း အများကြီးပဲ၊ သုံံ့ပန်းတွေလည်း မိတာရှိတယ်။ စာရင်းအတိအကျကတော့ လူကြီးတွေထုတ်ပြန်မှပဲ သိရပါမယ်”ဟု တိုက်ပွဲများအတွင်း ပါဝင်ခဲ့သည့် တော်လှန်ရေးရဲဘော် တစ်ဦးမှ ဆိုသည်။
မြေပြင်မှ ပေးပို့လာသည့် ရုပ်သံ ဖိုင်အတွင်း အဝေးပစ်လက်နက်ကြီးများ အပါအဝင် စက်လက်များ ၊ MA-1,2,3,4 အမျိုးအစား လက်နက်ငယ်များ နှင့် ခဲယမ်းကျည် အမြောက်အမြားကို သိမ်းဆည်းကာ ကားများပေါ် တင်ဆောင်နေသည့် ရဲဘော်များကို မြင်တွေ့ရသည်။
စစ်ကောင်စီ မှ ညီနောင်ဗျူဟာကုန်း နှင့် ခမရ-၃၅၇ တို့ကို လက်လွှတ်ဆုံးရှုံးရ အပြီးတွင် အနီးရှိ ခြေလျင် တပ်စခန်းတစ်ခုဖြစ်သည့် ခလရ -၂၇၅ စခန်း ထပ်မံမလက်လွှတ်ရ ရေးအတွက် လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများ တရစပ်ပစ်ကာ ခုခံလျက်ရှိသည့်အပြင် သတင်းများ ဖုံးစေရန်အတွက် အနီးရှိ မြဝတီ မြို့စွန် ရပ်ကွက်များ အတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ကာ မြို့တွင်းဖုန်းလိုင်းများ ဖြတ်တောက်ခြင်းများ ပြုလုပ်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
ရုပ်သံ – ပေးပို့
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ စစ်ကောင်စီတပ်စွဲထားရာ စီးပွားရေးဘဏ်နှင့် မြို့မရဲစခန်းကို PDF ပူးပေါင်းတပ်များက အလစ်၀င်ရောက် တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force (DK PDF-MMU) ပြန်ကြားရေး တာ၀န်ခံထံမှ သိရသည်။
“အထိအခိုက် အတိကျကိုတော့ စုံစမ်းဆဲပါဗျ။ ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ်အနေနဲ့ အလစ်အငိုက် ဝင်ရောက် ပစ်ခတ်ခဲ့တာပါ” ဟု Dog Killers People’s Defence Force (DK PDF-MMU) ပြန်ကြားရေး တာ၀န်ခံက ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က စီးပွားရေးဘဏ်တွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများ ရှိရာနေရာသို့ တိတိကျကျ လက်နက်ကြီးထိမှန်ခဲ့သည့်အတွက် ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း အထက်ပါ တာ၀န်ရှိသူက ပြောသည်။
“သူတို့ စခန်းချရာ အနီးဝန်းကျင်က ဖြတ်သွားဖြတ်လာလူတွေကို စစ်ဆေးတာ၊ အနိုင်ကျင့်ဗိုလ်ကျတာတွေတော့ အမြဲလိုလုပ်တယ်။ သူတို့က စခန်းချတဲ့ နေရာကလွဲရင် ဝေးဝေးလံလံ သိပ်မထွက်ဘူးဗျ။ မထွက်ရဲတာလား၊ ဘာလားတော့ မသိဘူးဗျ” ဟု မြင်းမူမြို့နေ ဒေသခံတစ်ဦးက ပြောသည်။
ယင်းစစ်ဆင်ရေးကို Dog Killers People’s Defence Force (DK PDF-MMU)၊ မြင်းမူမြို့နယ် ပ.က.ဖ၊ ဇာမဏီ(MMU)၊ မြင်းမူဖိုက်တာ(MMU)၊ ဒေါင်းဘုရင်(MMU)၊ D.B.B.F.MMU၊ မြင်းမူမြို့နယ် အနောက်ခြမ်း ပ.က.ဖ. စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီ ၃၅ မိနစ်ခန့်တွင် မြင်းမူမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆွဲထားရာ စီးပွားရေးဘဏ်နှင့် မြင်းမူမြို့မရဲစခန်းကို PDF ပူးပေါင်းတပ်များက ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ၂ နာရီကျော် ကြာမြင့်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် အင်အားအပြည့် တင်ဆောင်လာသည့် ကားနှစ်စီးဝင်ရောက်လာကာ ၎င်းတို့ တပ်စွဲထားရာ နေရာတဝိုက်သို့ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီတပ်သားများ ထိခိုက်ကျဆုံးမှုကိုမူ ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Dog Killers People’s Defence Force Myinmu (DK PDF-MMU)၊ မြင်းမူမြို့နယ် ပကဖ ၊ Myinmu Local Defence Force (MMU) ၊ Spring Soldier(နွေဦးရဲဘော်)၊ ဇေယျာရွေမြေ(MMU) ၊ Moe Nyo Revolution Force(MNRF) ၊ D.B.B.F.MMU ၊ မြင်းမူမြို့နယ် အနောက်ခြမ်း ပကဖ စသည့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုပ်သံ- Dog Killers People’s Defence Force Myinmu (DK PDF-MMU)
ရွှေဘိုတွင် စစ်ကောင်စီကင်းလှည့်ကား ၆ စီးအား မိုင်းဆွဲတိုက်ခိုက် ထိခိုက်မှုများပြား
မြင်းခြံမြို့နယ် စခန်းသိမ်းတိုက်ပွဲ ဝေဟင်စစ်ဆင်ရေးတွင် စစ်သား ၁၀ ဦး ပြင်းထန်ဒဏ်ရာရ
KNU နယ်မြေအတွင်းရှိ အရပ်သားများထံမှ စစ်ကောင်တပ်ဖွဲ့ဝင်များ ထပ်မံငွေညှစ်
သိန္နီသို့ စစ်ကူလာသည့် စစ်ကောင်စီကားကိုတိုက်ခိုက်၊ တပ်ကြပ်တစ်ဦးနှင့် လက်နက်များရရှိသည့်အပြင် ကားကိုဖျက်ဆီးနိုင်ခဲ့
ဆောင်းမှာ ပိုဖြစ်တဲ့ ရာသီတုပ်ကွေးရောဂါ၊ ဘာတွေဆောင်ပြီး ဘာတွေ ရှောင်ကြမလဲ။
စစ်ကောင်စီတပ်သားများစစ်ပွဲအတွက် အသင့်ပြင်ထားကြတဲ့ လောက်ကိုင်မြို့ နောက်ဆုံးအခြေအနေ
တန်ဆောင်မုန်းလပြည့်နေ့ ရွှေတိဂုံစေတီတော်ပေါ်က မြင်ကွင်းများ
ရန်ကုန်က ဘုံကထိန်ပွဲ
ရန်ကုန်မှာ စပိန်ရထားတွေ ပြေးဆွဲနိုင်ဖို့ ရထားဘူတာရုံတွေ အဆင့်မြှင့်တင်နေဆဲ
ဆင်မကြီး မိုမို ၇၁ နှစ်ပြည့်ပြီ
တိုက်ပွဲတွေကြားက စစ်ကိုင်း ကောင်းမှုတော်ဘုရားမှာ အရင်နှစ်ကထက် ဘုရားဖူး ပိုများ
သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံစေတီတော်ပေါ် ဘုရားဖူးတွေ အလွန်စည်ကားနေ
တွံတေး ရွှေဆံတော်ဘုရား သီတင်းကျွတ် ပွဲစျေးတန်း
ငယ်ဘဝ လွမ်းစရာ့ တွန်းလှည်းမီးပုံးလေးများ