လေကြောင်းရန် ကြောက်လို့ အိုင်ကွန်ကိုင်ပြီး တောတွင်းမှာ ကျင်းပရတဲ့ ပညာရေးစုံညီပွဲ

Author CJ Platform
Categories
Published on Feb 06, 2026

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပညာရေးအရေးကြီးကြောင်းနဲ့ ကလေးငယ်တွေ ပညာသင်ကြားခွင့်ကို လူအများရှေ့မှာ အကြိမ်ကြိမ်ပြောဆိုနေပေမယ့် စစ်အုပ်စုက စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်နေရတာ ငြင်းမရတဲ့ ဖြစ်စဉ်တွေပါ။

အခု သတင်းဓာတ်ပုံတွေထဲက မြင်ကွင်းတွေကတော့ ယောဒေသတစ်နေရာက မြေပြင်စာသင်ကျောင်းတစ်ခုရဲ့ ကျောင်းပညာရေး စုံညီပွဲတော်ပွဲကျင်းပနေတာပဲ ဖြစ်ပါတယ်။ လွတ်လပ်စွာ ပျော်ရွှင်နေရမယ့် ကလေးငယ်တွေမှာ ဘယ်အချိန် လေယာဉ်ကြီး ပျံဝဲလာပြီး ငါတို့ကို ဗုံးကြဲသွားမလဲဆိုတာကို စိုးရိမ်နေရသလို မိဘတွေနဲ့ ဆရာ၊ဆရာမတွေဟာလဲ ကလေးငယ်တွေ ဘေးကင်းပျော်ရွှင်ရေးအတွက် စိုးရိမ်ပူပန်မှုတွေ အပြည့်ပါပဲ။

ဘယ်ကနေ လေယာဉ်တက်လာပြီဆိုတာကို အမြန်ဆုံး သတင်းရရှိဖို့ ကလေးငယ်တွေ ဘေးလွတ်ရာကို အမြန်ဆုံးရှောင်တိမ်းနိုင်ဖို့ မိဘတွေနဲ့ ဆရာ၊ဆရာမတွေရဲ့ လက်ဝယ်မှာ အိုင်ကွန်တွေ ကိုယ်စီနဲ့ သူတို့ ကိုင်ဆောင်ထားတဲ့ အိုင်ကွန်တွေဟာ စစ်တိုက်ဖို့ မဟုတ်ပါဘူး။ ကလေးငယ်တွေ ဘေးကင်းလုံခြုံရေးအတွက်ပါ။

လုံခြုံတဲ့ စာသင်ကျောင်းအတွင်း မကျင်းပနိုင်ခဲ့တဲ့ ဒီကနေ့ ကျောင်းပညာရေးစုံညီပွဲတော်ဟာ ကလေးငယ်တွေရဲ့ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ခြိမ်းခြောက်ခံနေရတယ်ဆိုတာ သက်သေတစ်ခုပဲ ဖြစ်ပါတယ်။

 

 

Related News

Depend on news