အာဏာသိမ်း ရက်ပေါင်း ၁၂၅၀ ပြည့်မှာ သေဆုံးသူ ၅၃၅၁ ဦးရှိ

Author လဂွန်းအိမ်
Categories
Published on Jul 05, 2024

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစတဲ့ စစ်တပ်အာဏာသိမ်းမှုဟာ ဒီနေ့ ဇူလိုင်လ ၅ ရက်မှာ ၁၂၅၁ ရက်ရှိပါပြီ။

 

ရက်ပေါင်း ၁၂၅၀ အထိ စစ်ကောင်စီကြောင့် ဒီမိုကရေစီအရေးလှုပ်ရှားသူနဲ့ အရပ်သား သေဆုံးမှု ၅၃၅၁ ဦးရှိခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒါ့အပြင် AAPP အနေနဲ့ မည်သူမည်ဝါအတည်မပြုနိုင်သေးဘဲ စစ်ကောင်စီရဲ့ သတ်ဖြတ်ခံရသူ ၂၀ဝ၀ ဦးဝန်းကျင် ရှိနေသေးတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရသူ ၂၆,၈၉၄ ဦးရှိပြီး အဲဒီထဲက ၂၀,၆၉၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။ ၎င်းတို့အနက် ၉၂၆၁ ဦးမှာ ထောင်ဒဏ်အသီးသီးချမှတ်ခံထားရပြီး ပြန်လည်လွတ်မြောက်သူ ၆၂၈၆ ဦးရှိတယ်လို့ AAPP စာရင်းအရ သိရပါတယ်။

 

ဒါ့အပြင် ယခုနှစ် မေလ ၁၅ ရက်အထိ နွေဦးတော်လှန်ရေးနဲ့ဆက်စပ်လို့ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံနေရသူ ၁၂၄ ဦး၊ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၄၄ ဦးအပါအဝင် ၁၂၁ ဦးမှာ မျက်ကွယ်ပြစ်ဒဏ် ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၆၈ ဦး ရှိပြီဖြစ်တယ်လို့ AAPP စာရင်းအရ သိရပါတယ်။

 

 

ဓာတ်ပုံ – AAPP