ရိုးကြီးတွင် လုယက်ခံရသည့် သားအမိ အရေးကြီးစာရွက်စာတန်းများ ပြန်လည်ရရှိ

Author နီနီ
Categories
Published on Sep 14, 2022

ရန်ကုန်တိုင်း၊ လှိုင်သာယာမြိုနယ်ရှိ ရိုးကြီး နှင့် ရိုးလေ ကြား ကားမှတ်တိုင်တစ်ခု၌ လုယက်ခံခဲ့ရသည့် သားအမိနှစ်ဦး အရေးကြီး စာရွက်စာတန်းများပြန်လည်ရရှိကြောင်း ကူညီဆောင်ရွက်ပေးသူများထံမှ သိရှိရသည်။

စက်တင်ဘာ ၁၃ ရက်၊ နေ့လည် ၂ နာရီ မိနစ် ၂၀ ခန့်က အလုပ်လျှောက်ပြီး လှော်ကားဘက်သို ပြန်ရန် လှိုင်သာယာရိုးကြီးနှင့် ရိုးလေးကြားရှိ ကားမှတ်တိုင် တစ်ခု၌ ကားစောင့်နေစဥ် သမီးဖြစ်သူကိုင်ဆောင်လာသည့် ဖိုင်တွဲအား ဆိုင်ကယ်သမားများမှ လုယူသွားကြောင်း သိရသည်။

“ကောင်မလေးက ဖိနပ်စက်ရုံမှာ လုပ်တာ လစာမကောင်းလို ခု လှော်ကားမှာနေပြီး ဒီဘက်မှာ လစာကောင်းတယ်ဆိုပြီး အလုပ်လာလျှောက်တာတဲ့ ၊အဲ့မှာ အပြန်ကားစောင့်နေတာကို လုသွားတာ ကျန်တာအရေးမကြဘူးတဲ့ ဘွဲလက်မှတ်တွေပါသွားလိုလေ ၊ကျွန်တော် အခု ပိုစ့်တင်ပြီး လှိုင်သာယာမြေတိုင်း ၂၂ရုံးမှာ အဒေါ်ကြီးတစ်ယောက်ကကောက်ရလို့ လာပို့ထားတယ်တဲ့ သူတိုသားမိကိုလဲ အကြောင်းကြားပြီးပါပြီ” ဟု လှိုင်သာယာမှ ကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

အဆိုပါ လုယက်ခံရသည့် သားအမိနှစ်ယောက်သည် ကျုံပျော်မြိုနယ်မှာ နေထိုင်ကြပြီး အလုပ်လုပ်ကိုင်ရန် ရန်ကုန်တိုင်းဒေသကြီး လှော်ကား၌ နေထိုင်ကြကြောင်း သိရသည်။

လုယက်ခံရသည့် ဖိုင်အတွင်း ဖုန်းတစ်လုံးနှင့် ဘွဲလက်မှတ်၊အောင်လက်မှတ်များပါရှိသွားပြီး ငွေသားပါရှိသွားခြင်း မရှိကြောင်း သိရသည်။ လက်ရှိကာလအတွင်း အဆိုပါ လုယက်မှုများသည် နေ့စဥ်နှင့်အမျှဖြစ်ပွားနေပြီး ပြည်သူများ၏ စိတ်လုံခြုံမှု နည်းနည်းသထက် နည်းပါးလာခဲ့ပေသည်။