ပဲခူးစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံ မီးလောင်

Author အောင်နိုင်သူ
Categories
Published on Sep 11, 2022

ပဲခူးမြို့နယ် အင်းတကော်ရပ်ကွက် ညောင်းအင်းစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံတွင် ယနေ့ နံနက်ဆယ်နာရီက မီးလောင်မှုဖြစ်ခဲ့သည်ဟု စက်မှုဇုန်တွင်နေထိုင်သူတွေဆီက သိရသည်။
ညောင်အင်းစက်မှုဇုန်ရှိ Melody Global ဖိနပ်စက်ရုံတွင် ယနေ့ နံနက်ဆယ်နာရီက မီးလောင်မှုဖြစ်ခဲ့ပြီး နာရီဝက်ကြာသည်အထိ မီးငြိမ်းသတ်ခဲ့ရသည်ဟု စက်မှုဇုန်တွင် နေထိုင်သူတစ်ဦးက ပြောသည်။
“မီးကအရမ်းများတယ် အပူတွေတောင်ဟပ်တယ် ကံကောင်းတာ အလုပ်ပိတ်ရက်မို့လို့ နောက်မို့ဆိုမလွယ်ဘူး”ဟုပြောသည်။
မီးလောင်မှုကို တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန ၊မြို့နယ်မီးသတ်ဦးစီးဌာန၊ သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနများမှ မီးသတ်ယာဥ် ခုနှစ်စီးဖြင့် Level 2 အဆင့်ဖြင့်မီးငြိမ်းသတ်ရသည်ဟု မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“နာရီဝက်လောက် မီးငြိမ်းသတ်ရတယ် ၁၀ နာရီခွဲမှာ စလောင်တယ် ၁၁ နာရီမှာ မီးငြိမ်းတယ် မီးလောင်တဲ့ အကြောင်းအရင်းကို စုံစမ်းနေသလို ဆုံးရှုံးမှု့တန်ဖိုးကိုလည်း တွက်နေပါတယ်”ဟု ရှင်းပြသည်။
လက်ရှိအခြေအနေတွင် မီးသတ်ဦးစီးဌာနမှ Melody Global ဖိနပ်စက်ရုံမှ တာဝန်ခံကို မီးလောင်မှုနှင့် ပါတ်သတ်ပြီး စစ်ဆေးမှုတွေပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။