ပုဂ္ဂလိကဘဏ်များ၏ အကြီးတန်းအရာရှိများကို စစ်ကောင်စီ ဖမ်းဆီးထားပြီး စစ်ကြောရေးပို့ဆောင်

Author CJ 001
Categories
Published on Sep 11, 2022

ပုဂ္ဂလိကဘဏ်များ၏ အကြီးတန်းအရာရှိများကို စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားပြီး ရေကြည်အိုင်နှင့် နေပြည်တော်စည်ပင် စစ်ကြောရေးစခန်းများသို့ ပို့ဆောင်ထားကြောင်း ဖမ်းဆီးခံရသူ မိသားစုဝင်များမှ CJ Platform သို့ သတင်းပေးပို့သည်။

စက်တင်ဘာလ ၁၀ရက်နေ့ ညပိုင်းအချိန်တွင် ပုဂ္ဂလိကဘဏ်များ၏ အကြီးတန်းအရာရှိများနေအိမ်ကို စစ်ကောင်စီတပ်များမှ ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကွန်ပျူတာနှင့် ဖုန်းများကိုပါ သိမ်းဆည်းသွားကြောင်း သိရသည်။

“Head level တွေကို လိုက်ဆွဲတာ၊ ညက အမျိုးသားပါသွားတယ်၊ ကွန်ပျူတာတွေရော ဖုန်းတွေပါ ယူသွားတယ်၊ အမျိုးသားမိတ်ဆွေတွေကို ဖုန်းဆက်မေးကြည့်တော့ သူတို့လည်း အဖမ်းခံထားရတယ်လို့ ပြောတယ်၊ စစ်ကြောရေးကို ခေါ်သွားတာ ဒေါ်လာစျေး ၄ထောင်ကျော်နေလို့ ဌာနမှာ ဒေါ်လာနဲ့ ပက်သက်ပြီး delegation တွေကို အကုန်ဖမ်းသွားတာ”ဟု ဖမ်းဆီးခံရသူ ပုဂ္ဂလိကဘဏ်တစ်ခုမှ အကြီးတန်းအရာရှိတစ်ဦး၏ ဇနီးဖြစ်သူမှ CJ Platform ကိုပြောသည်။

ဖမ်းဆီးထားသူ ဘဏ်အရာရှိများကို စစ်ကောင်စီမှ နှိပ်စက်ခြင်းများ လုပ်ဆောင်ခြင်းမရှိဟု မိသားစုဝင်များမှာ ဆိုသော်လည်း ယနေ့ မနက်ပိုင်းအထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ကျပ်ဟု သတ်မှတ်ထားသော်လည်း ပြင်ပစျေးကွက်များအတွင် ၃၅၀၀ကျပ်မှ ၄၀၀၀ကျပ်ကျော်အထိ စျေးနှုန်းများ မြင့်တက်နေပြီး စစ်ကောင်စီမှ ဒေါ်လာကိုင်တွယ်သုံးစွဲခွင့်ကို ကန့်သတ်ထားကာ ပိတ်ပင်မှုများလည်း လုပ်ဆောင်နေခဲ့သည်။

Related News

Depend on news