ရေခဲသေတ္တာ ၆လုံးကို တပြိုင်တည်းဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

Author အောင်နိူင်သူ
Categories
Published on Sep 10, 2022

ပဲခူးမြို့နယ် လိပ်ပြာကန်ရပ်ကွက် မဂ္ဂတမ်လမ်းမပေါ်ရှိ ခင်စတိုးဆိုင်တွင် ရေခဲသေတ္တာခြောက်လုံးကို တပြိုင်တည်းဖွင့်ထားရာမှ အပူလွန်ကဲပြီး မီးလောင်ကျွမ်းမှုဖြစ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

လိပ်ပြာကန်ရပ်ကွက် မဂ္ဂတမ်လမ်းမပေါ်ရှိ မှော်ကန် ၆လမ်းနှင့် ၇လမ်းကြားရှိ ခင် စတိုး နေအိမ်အောက်ထပ်မှ မီးလောင်ခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

“ရေခဲသေတ္တာတွေ ဒီလောက်ဖွင့်ထားတာ ပိတ်သင့်တဲ့အလုံးပိတ်ထားရမှာလေ မီးပြတ်ပြီး မီးပြန်လာတော့ မီးအားဆောင့်တက်ပြီး မီးလောင်တာ မနက်တစ်နာရီ အကုန်အိပ်နေတဲ့အချိန် လူနိူင်လို့ မနိူင်ရင် အကုန်ပါမှာ”ဟုရှင်းပြသည်။

မီးလောင်မှုကြောင့် အနီးပက်ဝန်းကျင်ရှိ STAR ကိုရီးယားအထည်ဆိုင်အား မီးကူးစက်လောင်ကျွမ်းခဲ့ကာ နေအိမ်နှစ်လုံး၏ ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းသုံးရာခန့်ပျက်စီးသွားသည်ဟု မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းမှုနှင့် ခင် စတိုးဆိုင်ပိုင်ရှင် ဦးကျော်ကျော်လှိုင်အား.မီးပေါ့ဆမှုဖြင့် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူလျက်ရှိသည်ဟု မြို့ခံတွေဆီက သိရသည်။