ပါတီဝင် တစ်ထောင်ပြည့်အောင်မရှိသည့် မိုက်ကယ်ကျော်မြင့်၏ YDP ပါတီမှ တစ်နိူင်ငံလုံး ဝင်ပြိုင်မည်ဟုပြော

Author ကိုပေါက်
Categories
Published on Jan 30, 2023

တပ်ထောက်ခံသူ တစ်ဦးဖြစ်သည့် မိုက်ကယ်ကျော်မြင့် တည်ထောင်သည့် အခြေခံလူတန်းစား ဘဝမြင့်မား တိုးတက်ရေးပါတီ(YDP)မှ စစ်ကောင်စီမှ လုပ်ဆောင်နေသည့် တရားမဝင် ရွေးကောက်ပွဲတွင် တစ်နိူင်ငံလုံး၌ ဝင်ရောက် ယှဥ်ပြိုင်မည်ဟု သိရသည်။

စစ်ကောင်စီက ဇန်နဝါရီလ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည့် နိူင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထုတ်ပြန်လိုက်ပြီးနောက် ပါတီများအခက်ကြုံနေချိန် YDP ပါတီမှ မိုက်ကယ်ကျော်မြင့် ပြောဆိုမှုသည် လူရယ်စရာဖြစ်နေသည်ဟု တစညပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။

“ပြည်ထောင်စုအဆင့်မှာ သိန်းတစ်ထောင်နဲ့ လူတစ်သိန်းကိစ္စကြောင့် ပါတီတွေ ဒုက္ခရောက်နေတယ် ပိုက်ဆံထက်
ပါတီဝင်ကိစ္စပေါ့ ဘယ်လိုရှာမလဲ သူတို့လို ဆန္ဒလိုက်ပြနေတဲ့သူက ပြည်ထောင်စုအဆင့်ပြိုင်မယ်ဆိုတော့ ရယ်စရာကြီး ဖြစ်နေတာပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်စာမျက်နှာ တစ်ခုတွင်တပ်ထောက်ခံသူ မိုက်ကယ်ကျော်မြင့်က YDP ပါတီအနေဖြင့် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဟု ပြောဆိုပြီးနောက် စစ်ကောင်စီ၏ အာဏာသိမ်းယူမှုကို ထောက်ခံခဲ့သည့် နိုင်ငံရေးပါတီများအလယ်တွင် ဟာသတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

“ဆေးကြောင်ပြီးပြောတာလား ဒါမှမဟုတ်ရင် ရူးလို့ပြောလို့ ပြောတာပဲဖြစ်မယ် သူတောင် သေမှာကြောက်လို့ ရှောင်ပုန်းပြီးနေရတာ စည်းရုံးရေးဆင်းကြည့်လိုက်လေ အဖြေသိရမှာပေါ့”ဟု နိူင်ငံရေးလေ့လာသူတစ်ဦးက CJ Platform ကိုပြောသည်။

အခြေခံ လူတန်းစားဘဝ မြင့်မားတိုးတက်ရေးပါတီ (YDP)သည် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မြို့နယ် ၃၃၀ အနက်
၂၃ နေရာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး တစ်နေရာမှ မဲရရှိခြင်းမရှိပေ။

စစ်ကောင်စီက ထုတ်ပြန်လိုက်သည့် နိူင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသည် ကြံ့ခိုင်ရေးနှင့် လက်ဝါးရိုက် ရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟု အာဏာသိမ်းမှုကို လက်ခံခဲ့သည့် စစ်ကောင်စီနှင့် အလျဉ်းသင့်သည့် နိုင်ငံရေးပါတီများကပါ ဝေဖန်မှုများ ရှိနေခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မိုက်ကယ်ကျော်မြင့် #YDP #အတုအယောင်ရွေးကောက်ပွဲ