ပုလဲတွင် ပျူစောထီးများ တပ်စွဲရာကျေးရွာ တိုက်ခိုက်ခံရပြီး လေးဦးသေဆုံး

Author ခေတ်နီ
Categories
Published on Jan 23, 2023

 

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းရှိ ပျူစောထီးများ အထိုင်ချ တပ်စွဲရာ ဇီးဖြူကုန်းကျေးရွာကို မဟာမိတ်တပ်များမှ တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများဘက်မှ ၄ ဦး သေဆုံးသွားကြောင်း ရိုးမရာဇာအဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါ ပျုစောထီးများ တပ်စွဲရာ ဇီးဖြူကုန်းကျေးရွာကို ဒေသကာကွယ်ရေး မဟာမိတ်အဖွဲ့များမှ ယနေ့ ဇန်နဝါရီလ၂၃ရက် နံနက် ၆နာရီဝန်းကျင်မှ စတင်တာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲသည် ၃နာရီနီးပါးခန့် ကြာမြင့်ခဲ့ပြီး မဟာမိတ်တပ်တချို့မှ ကျေးရွာအလယ်ပိုင်းထိ ဝင်ရောက်တိုက်ခိုက်ခဲ့ကာ ကျန်ရှိသည့် တပ်တချို့မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ပစ်ကူပေးကာ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ပျုစောထီးများဘက်မှ လေးဦးသေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့တိုက်ပွဲက ၆ နာရီ ၁၅ လောက်က ဖြစ်တာပေါ့ ၈ နာရီ ၄၅ လောက်ထိဖြစ်တယ် အတွင်းထဲထိ ဝင်စီးတဲ့အဖွဲ့တွေရော အပြင်ကနေ လက်နက်ကြီးနဲ့ ကူပစ်ပေးတဲ့အဖွဲ့တွေရောပေါ့ ရွာထဲထိဝင်ပြီး ရင်ဆိုင်တိုက်တာက ၄ ဖွဲ့ပေါ့ လက်နက်တွေတော့ သိမ်းဆည်းရမိခဲ့တာမရှိဘူး လေကြောင်းက တက်လာတယ်ဆိုတော့ ပြန်ဆုတ်ရတာပေါ့”ဟု ရိုးမရာဇာအဖွဲ့၏ စစ်ကြောင်းမှူးဖြစ်သူက CJ Platform သို့ပြောသည်။

အဆိုပါ တိုက်ပွဲကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ်၂၀. ရိုးမာရာဇာ တပ်ခွဲ(၃)နင့် သခင်ဒေါင်းညို၊ ဒေါင်းနက်၊ NRG၊ ပခုက္ကူတပ်ရင်း၁၃ ၊ကိုရန်စစ်နိုင် ၊ချင်းတွင်းတိုးနယား၊ Real Hero၊ မဟာမိတ်အင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ဇီးဖြူကုန်းရွာ #ပျူ