နွားထိုးကြီးတွင် စစ်ကောင်စီက ဖမ်းခေါ်သွားသည့် လူငယ်တစ်ဦး နှိပ်စက်ဒဏ်ရာများဖြင့် ရုပ်အလောင်းစွန့်ပစ်ခံရ

Author ခေတ်နီ
Categories
Published on Jan 23, 2023

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီက ဖမ်းခေါ်သွားသည့် လူငယ်တစ်ဦးကို လမ်းဘေးတစ်နေရာတွင် နှိပ်စက် ဒဏ်ရာများဖြင့် အလောင်းစွန့်ပစ်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် နှစ်ပတ်ခန့်က စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားသည့် လူငယ်အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို နွားထိုးကြီးမြို့ အနောက်ဘက် ဂေါက်ကွင်းအနီးတွင် နှိပ်စက်ဒဏ်ရာအများအပြားဖြင့် ယနေ့ မနက်ပိုင်းမှာ ဒေသခံများမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လူငယ်အမျိုးသားသည် နွားထိုးကြီးမြို့နယ် ထန်းခွမြောက်ရွာမှ အသက်၃၇နှစ် ကိုအောင်ကျော်မြင့်ဆိုသူ ဖြစ်ပြီး ဆိုင်ကယ်ဖြင့် မုန့်လိုက်ပို့သည့် လုပ်ငန်းလုပ်ကိုင်သူဖြစ်ကာ တော်လှန်ရေးအဖွဲ့များနှင့် အဆက်သွယ်ရှိသည်ဟု ဆိုကာ စစ်ကောင်စီတပ်က လွန်ခဲ့သည့် နှစ်ပတ်ခန့်မှာ ဖမ်းဆီးသွားခဲ့တာပဲ ဖြစ်သည်။

“လက်ရှိ အနေအထားတော့ ကျနော်တို့ page မှာ တင်ထားတဲ့ သတင်းဟာ မြေပြင် အခြေအနေပါဗျ၊ ကျနော်တို့ ဒေသခံနဲ့ ချိတ်ဆက်နေပါတယ်၊ ဘယ်နေ့က ဖမ်းသွားတယ် ဆိုတာတော့ အတိအကျမသိရသေးဘူး “ဟု တောင်သာလူထုလှုပ်ရှားမှုကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိမှာတော့ ကိုအောင်ကျော်မြင့်၏ ရုပ်အလောင်းကို ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #နွားထိုးကြီး #လူသားဒိုင်း #အလောင်းစွန့်ပစ်