ဆားလင်းကြီးမြို့ရှိ စစ်ဘေးရှောင် ၃၀၀ အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ နေ့လယ်စာ လှူဒါန်း

Author မွန်လေး
Categories
Published on Jan 20, 2023

 

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ စစ်ဘေးရှောင် ၃၀၀ အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ နေ့လယ်စာ လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ (ဇန်နဝါရီ ၂၀ ရက်) နေ့လည် ၁၁ နာရီခွဲခန့်တွင် ဆားလင်းကြီးမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခု၌ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ နေ့လယ်စာ လှူဒါန်းခဲ့ခြင်းဖြစ်သည်။

“လူအယောက် ၃၀၀ စာအတွက် နေ့လယ်စာလှူဒါန်းခဲ့တာပါ၊ ဒီနေ့ညနေပိုင်းတော့ အခြေအနေငြိမ်လို့ စစ်ဘေးရှောင်တွေ အိမ်ပြန်ကြပါပီ”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ဦးဆောင်သူက ပြောကြားသည်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် ဇန်နဝါရီ ၁၉ ရက်ကလည်း ဆားလင်းကြီးမြို့တွင် စစ်ကောင်စီမီးရှို့မှုကြောင့် ပျက်စီးခဲ့သည့် အိမ်ထောင်စု ၉၃ စုကို ဆန်၊ ဆီနှင့် အိမ်သုံးဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်းသိရသည်။

ဆားလင်းကြီးမြို့နယ်သည် စစ်ကောင်စီမှ နေ့စဉ် စစ်ကြောင်းထိုး မီးရှို့နေသည့်ဒေသခံတစ်ခုဖြစ်ပြီး၊ နေအိမ် ရာနှင့်ချီ ပျက်စီး ဆုံးရှုံးခံနေရကြောင်းလည်းသိရသည်။

စစ်ကောင်စီသည် တိုင်းပြည်အာဏာကို လုယူပြီးသည့်အချိန်မှ စတင်ကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ နေအိမ် ၄၈၄၆၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ မီးရှို့ဖျက်ဆီးခံရမှုများအနက် စစ်ကိုင်းတိုင်းတွင် ၃၆၆၆၇ လုံး၊ မကွေးတိုင်းတွင် ၈၅၇၅ လုံး၊ ချင်းပြည်နယ်တွင် ၁၄၇၅ လုံးနှင့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် ၁၇၄၆ လုံးပျက်စီးခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဆားလင်းကြီး #အညာပစ်တိုင်းထောင် #စစ်ဘေးရှောင်