မြင်းမူတွင် မဲစာရင်းလုပ်နေသည့် လဝကရုံး မီးရှို့ခံရ

Author ခေတ်နီ
Categories
Published on Jan 20, 2023

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီ ကပြုလုပ်မည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများ လုပ်ဆောင်နေသည့် လဝက ရုံးရှိ စာရွက်စာတမ်းများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း အာဏာရှင်စနစ် တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ကျင်းပရန်ပြင်ဆင်နေသည့် ရွေးကောက်ပွဲအတွက် မဲစာရင်းများကို မြင်းမူမြို့ လဝက ရုံးအတွင်း လျှို့ဝှက်လုပ်ဆောင်နေစဥ် PAFDနှင့် DK-PDF MMUတပ်ဖွဲ့ဝင်များမှ ယမန်နေ့ ဇန်နဝါရီလ ၁၉ရက် ည ၇ နာရီခန့်မှာ မဲစာရင်းစာရွက် စာတမ်းများနှင့် ကွန်ပျုတာများကို မီးရှို့ဖျက်ဆီးခဲ့တာပဲဖြစ်သည်။

ထိုသို့မီးရှို့ရာတွင် လဝက ရုံးသည် မြို့နယ်မီးသတ်ရုံးနှင့် ကပ်လျက်တည်ရှိတာကြောင့် စနစ်တကျ လုပ်ဆောင်ခဲ့ရကြောင်းနှင့် လူပုဂ္ဂိုလ်များအား ငဲ့ညှာဆောင်ရွက်ခဲ့ရကြောင်း ဆိုထားသည်။

“အထဲမှာ မဲစာရင်းလုပ်နေကြတာက ငါးယောက် ခြောက်ယောက်လောက်ရှိမယ်၊ ကျနော်တို့ ဝင်လာတဲ့အချိန် ထွက်ပြေးတဲ့သူတွေလဲ ရှိတယ် မိတဲ့သူတွေလဲရှိတယ် စစ်ကောင်စီက သူတို့ ရွေးကောက်ပွဲအတွက် အမှတ်မထင်ထားတဲ့ နေရာကနေပြီး မဲစာရင်းတွေ လုပ်နေတာပေါ့ ရုံးထဲကဝန်ထမ်းတွေကိုတော့ ငဲ့ညှာပေးခဲ့ပါတယ် ကျနော်လုပ်ဆောင်ချင်တဲ့ ကိစ္စမဟုတ်တော့ ဝန်ထမ်းတွေကိုတော့ တတ်နိုင်သမျှ ငဲ့ညှာပေးခဲ့ပါတယ်”ဟု PAFDမှ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်တေဇမှ ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို People’s Army To Fight Dictatorshi p(PAFD) တပ်ခွဲ DK PDF(MMU).People’s Knight Defense Force Myinmu (PKDF.MMU).TAUNGTHA People Defense Force(TTAPDF). D.B.B.F.MMU မဟာမိတ်အဖွဲ့များ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #မြင်းမူမြို့ #ရွေးကောက်ပွဲကော်မရှင်ရုံး #မီးလောင်