ကြာညှပ် ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်၊ လက်နက်တိုက်အနီး ကျရောက်ပေါက်ကွဲ

Author မွန်လေး
Categories
Published on Jan 07, 2023

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ကြာညှပ် ရဲစခန်းကို TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က ယနေ့ နေ့လယ် ၁၁ နာရီခွဲ ခန့်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်တိုက်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယင်းအဖွဲ့ တာ၀န်ရှိသူက CJ Platform သို့ပြောကြားသည်။

အဆိုပါ ကြာညှပ်ကျေးရွာ ရဲစခန်းတွင် စစ်ကောင်စီ လက်အောက်ခံ စစ်သားနှင့် ရဲ ၁၅ ဦးခန့်ရှိပြီး စစ်ကောင်စီတပ်သားများ ထိခိုက်မှု မရှိခဲ့သော်လည်း လက်နက်တိုက်အနီး ကျရောက်ပေါက်ကွဲသဖြင့် အပျက်အစီးများ ရှိခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့ ဒရုန်းနဲ့ဗုံးချပြီးတော့ စစ်ေ-ွးတွေက သေနတ်နဲ့ ဆယ်ချက်ခန့်လောက်ပစ်တယ်။ မစ်ရှင်ပြီးတော့ ကျွန်တော်တို့ ပြန်လာပြီးတော့ ေ-ွးတွေက အနောက်ဘက်ကမ်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သေးတယ်” ဟု တာ၀န်ရှိသူက ဆက်လက် ပြောကြားသည်။

ကြာညှပ်တိုက်နယ်အတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ နှုတ်ထွက်ကြရန် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းထားသည်။

ထို့ပြင် ပြည်သူများကို နှိပ်စက် ၊ အနိုင်ကျင့်နေသည့် စစ်တပ်နှင့် ပျူစောထီးများ အနေဖြင့်လည်း ငွေကြေးကောက်ခံ တောင်းယူမှုများ လုံး၀မပြုလုပ်ရန်နှင့် ရပ်တန်းက မရပ်ပါက ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမည်ဟု TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့က အသိပေးထားသည်။

လက်ရှိတွင် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ အနေဖြင့် မစ်ရှင်များ ဆက်လက်လုပ်ဆောင်နိုင်ရန် ဖောက်ခွဲရေးပစ္စည်းနှင့် ကျည်များ လိုအပ်နေသည့်အတွက် ပြည်သူများအနေဖြင့် ပါ၀င်ကူညီပေးကြရန် နှိုးဆော်ထားသည်။

ဓာတ်ပုံ- TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မန္တလေးတိုင်း #သပိတ်ကျင်းမြို့ #ကြာညှပ်ရဲစခန်း #ဒရုန်း #တောင်ဆင်ရိုင်းပြောက်ကျား