YDF-PMR အနေဖြင့် တာဝေးပစ် လက်နက်ကြီးများ အထိ ထုတ်လုပ်နိုင်နေပြီး မဟာမိတ်များထံ နည်းပညာများ ဖြန့်ဝေပေးနေဟု ဆို

Author ခေတ်နီ
Categories
Published on Jan 07, 2023

 

Yaw Defense force ( Patriot Mobile Rangers)အနေဖြင့် တာဝေးပစ်လက်နက်ကြီးများပါ ထုတ်လုပ်နိုင်နေပြီး မဟာမိတ်အဖွဲ့များကိုပါ နည်းပညာမျှဝေပေးခြင်းများ လုပ်ဆောင်နေနိုင်ပြီ ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်လုပ်ရေး တာဝန်ခံထံမှ သိရသည်။

YDF-PMR အနေဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့သည်မှာ တော်လှန်ရေးကာလ စတင်သည့် အချိန်မှ စတင်ကာ ထုတ်လုပ်နေခဲ့တာဖြစ်ပြီး အစပိုင်းတွင် လက်လုပ် လက်နက်ငယ်များကို ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းတွင်တော့ ၄၀ မမမှစတင်ကာ ရှော့တိုက် Rocketများအထိ ထုတ်လုပ်နိုင်ခဲ့တာပဲ ဖြစ်သည်။

လက်ရှိမှာတော့ YDF-PMRအနေဖြင့် ၄၀မမ၊၆၀မမ၊ ၈၀မမ၊ ၁၂၀မမလက်နက်ကြီးများအပြင့်Patriot-P1နှင့် P2 ကဲ့သို့သော တာဝေးပစ် လက်နက်များကိုပါ ထုတ်လုပ်နိုင်ခဲ့တာပဲ ဖြစ်သည်။

“ကျနော်တို့ စထုတ်တာက ခါးချိုးသေနတ်လေးတွေပေါ့ လက်နက်ကြီးတွေကတော့ ၂၀၂၁ ၅လ ၆လပိုင်းလောက်မှာ အောင်မြင်တာပေါ့ ဒီrocketတွေကြတော့ ၁၁ လပိုင်းလောက်မှ ထုတ်နိုင်တာပေါ့ P2ဆို ၅ မိုင်လောက်ထိ ပြေးတယ် ဒါတွေကို အဓိကထားထုတ်နေတယ်”ဟု ထုတ်လုပ်ရေး တာဝန်ခံ ဗိုလ်ဖြူစင်မှ ပြောသည်။

YDF-PMR အနေဖြင့် ထုတ်လုပ်နိုင်ခဲ့သည့်လက်နက်ကြီးများကို ၎င်းတို့၏ မိတ်အဖွဲ့များအား ဖြန့်ဝေပေးခြင်းနှင့် နည်းပညာ မျှဝေခြင်းများပါလုပ်ဆောင်ပေးခဲ့ပြီး အမျိုးသားညီညွှတ်ရေးအစိုးရ လက်အောက်ခံ ခရိုင်တပ်ရင်း တချို့ကိုပါ လက်နက် နည်းပညာ မျှဝေပေးခြင်းနှင့် သင်တန်းပေးခြင်းများပါ လုပ်ဆောင်နေကြောင်း သိရသည်။

“ကျနောည်တို့ အနေနဲ့ကတော့ နည်းပညာ ဖြန့်ဝေမှုတွေ လုပ်နေတယ် မြိုင်တို့ ယင်းမာပင်ဘက်က NUG လက်အောက်က ထုတ်လုပ်ရေးအဖွဲ့တွေဆီ နည်းပညာဖြန့်ပေးတာလုပ်နေပြီပေါ့လေ ကျနော်တို့ဆီကနေဆို အဖွဲ့လေးဖွဲ့တော့ တရားဝင်သင်သွားခဲ့တယ်ပေါ့လေ “ဟု ဗိုလ်ဖြူစင်မှ ဆက်လက် ပြောကြားသည်။

ထိုအပြင် YDF-PMRအနေဖြင့် ယခုလို လက်နက်ကြီးများ ထုတ်လုပ်ရာတွင်လည်း
၎င်းတို့ အခြေပြုရာ ဒေသတဝိုက်ကို စစ်ကောင်စီတပ်များမှ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ ရှိတာကြောင့် ရွှေ့လျားပုံစံဖြင့်သာ ထုတ်လုပ်နေရပြီး လက်နက်ကြီးများ ဆက်လက်ထုတ်လုပ်ကာ နည်းပညာ မျှဝေနိုင်ဖို့အတွက် ငွေကြေး အကူအညီများ လိုအပ်နေတာကြောင့် ဝိုင်းဝန်းကူညီကြရန်ကိုလည်း ဗိုလ်ဖြူစင်မှ မေတ္တာရပ်ခံထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ယော #ဗိုလ်ဖြူစင်