စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်လာသည့် စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှု ၅ ဦးသေဆုံးကာ၊ အများအပြားဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Jan 07, 2023

 

စစ်ကိုင်းမှ မုံရွာဘက်သို့ ထွက်ခွာလာသည့် စစ်ကားနှစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ၅ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း People’s Army to Fight Dictaorship မှ တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တေဇက CJ Platform သို့ပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၇ရက်) တွင် စစ်တိုင်းတိုင်း အခြေစိုက်တပ်မ ၃၃ မှ စစ်ကားနှစ်စီးသည် မုံရွာဘက်သို့ ထွက်ခွာလာစဉ် ၊ မြင်းမှုမြို့နှင့် ၀မ်းပြည့်ကျေးရွာကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ အင်အားပြင်းမိုင်းဖြင့် နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“စစ်ကိုင်း တပ်မ ၃၃ ကနေ သူတို့ မုံရွာဘက် ထွက်လာတဲ့အချိန်မှာ မြင်းမူမြို့နယ်၊ ၀မ်းပြည့်ကျေးရွာကြားကို နံနက် ၅ နာရီ ၅၆ မိနစ်မှာ ရောက်တယ်။ ပထမကား တစ်ဦးကို မိုင်းအကြီးစားတွေနဲ့တိုက်ခိုက်တယ်။ ကားကထိုးရပ်သွားတယ်။ နောက်တစ်စီးကခပ်ခွာခွာကနေ လိုက်လာပြီး မိုင်းထိတဲ့ကားကို ကာပေးပြီးပစ်တယ်။ အဲ့ကားကိုပါ ထပ်ပြီးတော့ မိုင်းဆွဲတိုက်ခိုက်လိုက်တယ်။ ကြားတဲ့သတင်းအရတော့ သူတို့ဘက်က ငါးယောက်သေတယ်။ ဒဏ်ရာရတဲ့သူများတယ်” ဟု ဗိုလ်တေဇက ပြောကြားသည်။

အထိအခိုက်များပြားခဲ့သည့် စစ်ကောင်စီတပ်များသည် အပြင်းအထန် ပြန်လည် ပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ တော်လှန်ရေးရဲဘော်များ၏ ကြိုးစားမှုကို အသိအမှတ်ပြုသောအားဖြင့် ပြည်သူများအနေဖြင့် “ခွေး ခွေး ကျွေးဖို့ မမကို ကူကြစို့” ကမ်ပိန်းတွင်လည်း ပါ၀င်ကူညီပေးကြရန် ဗိုလ်တေဇက နှိုးဆော်ထားသည်။

အထက်ပါ စစ်ဆင်ရေးကို People’s Army to Fight Dictaorship တပ်ခွဲ DK PDF(MMU)၊ People Knight Defense Force Myinmuu၊ Taungtha People Defense Force၊ D.B.B.F.MMU မဟာမိတ်တပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ- People’s Army to Fight Dictaorship
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်း #မုံရွာ #ဝမ်းပြည့်ကျေးရွာ