TBK တောဆင်ရိုင်း ပြောက်ကျား ရဲဘော်များအတွက် စောင်များလိုအပ်နေ၊ စောင်မလုံလောက်မှုကြောင့် အချို့ရဲဘော်များ ဖျားနာမှုများဖြစ်

Author လင်းခိုင်
Categories
Published on Jan 07, 2023

 

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ အခြေစိုက် TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့ ရဲဘော်များအတွက် စောင်များ လိုအပ်နေပြီး၊ စောင်မလုံလောက်မှုကြောင့် အချို့ရဲဘော်များ ဖျားနာမှုများဖြစ်ပေါ်နေကြောင်း ယင်းအဖွဲ့၏ တာ၀န်ရှိသူက CJ Platform သို့ပြောကြားသည်။

“အဓိက ကတော့ စခန်းမှာ ရဲဘော် အသစ်တွေထပ်တိုးလာတယ်။ အဲ့ဒီမှာ စောင်မလောက်တော့တာရယ်။ နောက်တစ်ချို့ ရဲဘော်တွေကျ စောင်ရှိတယ်။ ဒါပေမယ့်ပါးတော့။ အအေးဓာတ်ကို မကွယ်နိုင်ဘူး။ ဒီရက်ပိုင်း အအေးလည်း နဲနဲပိုလာတော့ အခက်အခဲဖြစ်လာတာ” ဟု တာ၀န်ခံကပြောကြားသည်။

ထို့ကြောင့် ရဲဘော်များ အအေးဒဏ်ကာကွယ်နိုင်ရန်အတွက် စောင်တစ်ထည်လျှင် နှစ်သောင်းတန်၀ယ်ပေးရန် စီစဉ်ထားပြီး ၊ စောင်အထည် ၅၀ ခန့် လိုအပ်ချက်များရှိနေကြောင်း တာ၀န်ခံက ဆက်လက်ပြောကြားသည်။

ပြည်သူများအနေဖြင့် ရဲဘော်များအတွက် စောင်လှူဒါန်းလိုပါက TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့၏ Facebook Page မှ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်းသိရသည်။

ဓာတ်ပုံ- TBK တောဆင်ရိုင်း ပြောက်ကျားတပ်ဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မန္တလေးတိုင်း #သပိတ်ကျင်းမြို့ #တောဆင်ရိုင်းပြောက်ကျား