ရန်ကုန်နှင့် ဧရာဝတီတွင် ခြောက်ရက်အတွင်း ရိုဟင်ဂျာ နှစ်ရာကျော်ကို စစ်ကောင်စီက ဖမ်းဆီး

Author ကိုပေါက်
Categories
Published on Jan 06, 2023

 

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်က ခြောက်ရက်အတွင်း ရိုဟင်ဂျာ နှစ်ရာကျော်ကို ဖမ်းဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

ရွှေပြည်သာမြို့နယ် ၇ ရပ်ကွက် ပန်းခြံအနီးတွင် ယနေ့ နေ့လယ်ပိုင်းက ရိုဟင်ဂျာ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၇ဦးကို စစ်ကောင်စီတပ်နှင့်ရဲတွေက နေအိမ်တစ်အိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကို ပြောသည်။

“စစ်သားတွေရော ရဲတွေရော ကားတွေနဲ့လာမှ သိတာ ရိုဟင်ဂျာတွေ လာဖမ်းတယ်ဆိုတာ ဘယ်လိုသတင်းရသွားလဲ
ဖမ်းမိမှ အဲ့အိမ်မှာ ရောက်နေမှန်းသိတာ”ဟု ပြောသည်။

အရှေဒဂုံ ၊သန်လျင်နှင့် မရမ်းကုန်းမြိုနယ်တို့တွင် ဇန်နဝါရီလ ၁ ရက်မှ ၃ ရက်အတွင်း ရိုဟင်ဂျာ အမျိုးသား ၅၀ ဦး
နှင့် အမျိုးသမီး ၅၉ ဦးကို ဖမ်းဆီးခဲ့သည်ဟု အုပ်ချုပ်ရေးနှင့် နီးစပ်သူတွေဆီက သိရသည်။

ထို့အပြင် ဟင်္သာတမြို့နယ် မြဝတီရပ်ကွက်တွင်လည်း ဇန်နဝါရီလ ၂ ရက်က ရိုဟင်ဂျာအမျိုးသား ၃၆ ဦးနှင့် အမျိုးသမီး၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၆ ရက်အတွင်း စစ်ကောင်စီတပ်နှင့် ရဲများသည် အရှေဒဂုံ၊ သန်လျင်၊ မရမ်းကုန်း ၊ရွှေပြည်သာ၊ ပုသိမ်မြို့နယ်နှင့် ပန်းတောင်းမြို့နယ်များတွင် ရိုဟင်ဂျာ နှစ်ရာကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ရိုဟင်ဂျာ