ယောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၃ဦးသေဆုံး

Author ခေတ်နီ
Categories
Published on Jan 05, 2023

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ယောကျေးရွာတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များ သွားရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၃ ဦး သေဆုံးကြောင်းကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင် )မှ သတင်းထုတ်ပြန်ထားသည်။

ယောကျေးရွာ၌ ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ယနေ့ဇန်နဝါရီ  ၅ ရက်နေ့ မနက် ၉ နာရီခွဲတွင် ဒေသကာကွယ်ရေးအဖွဲ့များ ဖြစ်သည့် Kanbalu Underground Warriors ၊ MPF U.18 ၊ လင်းယုန်နီ ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူ တောင်ခြမ်း Local အဖွဲ့များမှ ၆၀ မမ (၈ )လုံး ၊Drone ဗုံးသီး (၂) လုံး ဖြင့်ပစ်ခတ်သည့်အပြင် လက်နက်ငယ်များဖြင့်ပါ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

“တိုက်ပွဲမဟုတ်ဘူးဗျ ၊ဒီတိုင်း သွားပစ်တာပါ အပြန်အလှန် ပစ်ခတ်တာမျိုး မရှိခဲ့ပါဘူး အဲ့ရွာမှာ သူတို့တပ်စွဲထားတာ ကြာပြီ အရက်လတည်းကထင်တယ်”ဟုကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထိုပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား ၃ ဦး နေရာတွင်သေဆုံးပြီး ၊ထိခိုက်ဒဏ်ရာရရှိသူများလဲရှိခဲ့ကြောင်းနှင့် ထိုစစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ယောကျေးရွာနေပြည်သူများအား မဖြစ်မနေပျူသင်တန်းတက်ရန် ဖိအားခြိမ်းခြောက်ပြီး ဆက်ကြေးများလဲကောက်ယူလျက် ရှိကြောင်းလဲ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက် နေ့ကလည်း အဆိုပါ ကျေးရွာရှိ စစ်ကောင်စီတပ်ကို ဒေသ ကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ပျူ