ကန့်ဘလူမြို့နယ်တွင် ဒေသခံ ၅ ဦး ကို စစ်ကောင်စီတပ်မှ ဓားစာခံအဖြစ် ဖမ်းဆီးသွား

Author ခေတ်နီ
Categories
Published on Dec 27, 2022

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် ဒေသခံ ၅ ဦးကို စစ်ကောင်စီတပ်၏ ကိုးထောင်ဘို့ အထိုင်စစ်ကြောင်းမှ ဓားစားခံအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက် ၈နာရီခန့်တွင် စစ်ကောင်စီတပ်၏ ခရမ ၃၆၃စစ်ကြောင်းမှ ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်ကာ ကန့်ဘလူမြို့နယ်အတွင်းရှိ အောက်တဲရွာတွင်နှမ်း အငှားရိတ်နေသည့် ဒေသခံ ၅ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပဲ ဖြစ်သည်။

“အခု အဖမ်းခံရတဲ့သူတွေက ကျပန်း အလုပ်လုပ်ကြတာ ၊ကြံချက်တဲ့ အလုပ်လုပ်နေကြတာ ၊ဒီနေ့ ကြံချက်နားတော့၊ နှမ်းအငှားရိတ်တယ်၊နှ မ်းလှိုင်းတွေ လှည်းနဲ့တိုက်နေကြတာ စစ်ကြောင်းလာတာလဲ မသိတော့ တည့်တည့်တိုးသလိုဖြစ်ပြီး အဖမ်းခံရတာ”ဟု ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် လက်ရှိအချိန်တွင် ဝက်သအင်းရွာ၏ အရှေ့တောင်ဘက်သို့ ရောက်ရှိနေပြီး ချပ်သင်းမြို့နယ်ဘက်သို့ ဦးတည်နိုင်ချေရှိတာကြောင့် အနီးအနားကျေးရွာများမှ ဒေသခံအများအပြာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရကြောင်းသိရသည်။

ထို့အပြင် ယနေ့ ယနေ့မနက် ၁၁ နာရီခန့်မှာလည်းကန့်ဘလူခရိုင်နှင့် သပိတ်ကျင်းမြို့နယ်အစပ်ရှိ ဇင်းချောင်းကျေးရွာအား စစ်ကောင်စီတပ် ခမရ-၃၆၈နှင့် ပျူစောထီးများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်‌ဝင်ရောက်ပြီး ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့ #လူသားဒိုင်း