ချောင်းဦးတွင် ကံကြီးကုန်းပျူရွာနှင့် အမြင့်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ များပြား

Author ခေတ်နီ
Categories
Published on Dec 26, 2022

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် အတွင်းရှိ ပျူစောထီးအဖွဲ့ အခြေစိုက်ရာ ကံကြီးကုန်းရွာနှင့် အမြင့်ရဲစခန်းတို့ကို တပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း ၅ Aung San Force အဖွဲ့မှ ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာနှင့် အမြင့်ရဲစခန်းကို ယမန်နေ့ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ ၅ နာရီခန့်မှာ မုံရွာခရိုင် အမှတ် ၅ တပ်ရင်း (ASF)နှင့် မဟာမိတ်များတပ်များမှ တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။

ကံကြီးကုန်းရွာ တိုက်ခိုက်မှုအတွင်း ပျူစောထီးအဖွဲ့ဝင် အများအပြား သေဆုံးခဲ့ပြီး ၎င်းတို့ အခြေပြုစခန်းကို မီးရှို့ရှင်းလင်း ခဲ့ကြောင်းနှင့် ည ၉ နာရီ ဝန်းကျင်ခန့်တွင် တံတားဦးလေဆိပ်မှ ဂျက်ဖိုက်တာ ၂ စီး တက်လာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ အဆိုပါတိုက်ပွဲအတွင်း အမှတ် ၅ တပ်ရင်း၊ တပ်ခွဲ ၃ မှ ရဲဘော် ၁ ဦးနှင့် မဟာမိတ်တပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးသွားကြောင်း သိရသည်။

“ဘယ်လိုပြောရမလဲပေါ့ ကျနော်တို့ ကံကြီးကုန်းကို တိုက်နေတုန်းမှာပဲ ဂျက်တက်လာတာ စောသွားတော့ ပြန်ဆုတ်ခဲ့ရတယ်ပေါ့ ကျတာကတော့ ကျနော်တို့ရဲဘော်တွေပါပဲ သူတို့က နယ်ခံဆိုတော့
ရှေ့ပြေးတက်ရှင်းရင်း ဟိုဖက်က ၆၀ ပစ်တဲ့အချိန်ဝပ်လိုက်တော့ တိုက်မိုင်းနဲ့ ထိသွားတာပေါ့”ဟု အဆိုပါ တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် PDFတပ်သားတစ်ဦးက ဆိုသည်။

ထို့အပြင် ချောင်းဦးမြို့နယ်၊ အမြင့်ရဲစခန်းကိုလည်း ထိုနေ့ ညနေ ၆ နာရီခန့်တွင် မဟာမိတ်တပ်ဖွဲ့များမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့် ရဲများ အထိအခိုက် များပြားနိုင်ပြီး အသေးစိတ် အတည်မပြုနိုင်သေးကြောင်းနှင့် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ ၂ စီး တက်လာတာ ကြောင့် အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ ခဲ့ရကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုများကို Aung San Force၊ KUG၊ မြောင် CDSOM ၊ One၊ မြင်းခြံခရိုင် တပ်ရင်း ၅၊ မုံရွာခရိုင် တပ်ရင်း ၁၇၊ မုံရွာခရိုင်တပ်ရင်း ၈၊ မုံရွာခရိုင် တပ်ရင်း ၉၊ မုံရွာခရိုင်တပ်ရင်း ၁၀ တို့
Myaung Revolution Army – စစ်ကိုင်းခရိုင်တပ်ရင်း ၅ ၊ မုံရွာခရိုင် တပ်ရင်း၁၂၊ မုံရွာခရိုင်တပ်ရင်း ၁၅၊ မြင်းခြံ 35၊ SGFတို့က ပူးပေါင်းတိုက်ခိုင်ခဲ့ခြင်း ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ချောင်းဦး #ပျူ