ကော်ဘရာစစ်ကြောင်းအား NUGမှ သေနတ် အလက် ၅၀ ပေးအပ်

Author လင်းခိုင်
Categories
Published on Dec 26, 2022

စစ်ကောင်စီ ကြောက်ရွံ့ရသည့် ကော်ဘရာစစ်ကြောင်းအား အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ သေနတ် အလက် ၅၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း NUG၏ သတင်းဌာနတစ်ခုဖြစ်သည့် PVTVတွင် ဖော်ပြထားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆နယ်မြေတွင်း ပြုလုပ်သည့် ကော်ဘရာစစ်ကြောင်း၏ စစ်သင်တန်းဆင်းပွဲ အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ တက်ရောက်ကာ NUG၏ လုပ်ဆောင်ချက်များနှင့် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားပြီးနောက် တောင်ပိုင်းစစ်ဒေသသို့ ပေးအပ်မည့် လက်နက်များအနက် သေနတ် အလက် ၅၀အား ကော်ဘရာစစ်ကြောင်းသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ယင်းသင်တန်းဆင်းပွဲတွင် လက်နက်များ ထောက်ပံ့မှုသာမက ပြည်ထောင်စု ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းတို့မှ ဂုဏ်ပြုငွေ ၁၀သိန်းကျပ်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ- PVTV
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မန်းဝင်းခိုင်သန်း #ကော်ဘရာစစ်ကြောင်း