စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်တွင် နိူင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး၏ နေအိမ်ကိုချိတ်ပိတ်
စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက်တွင် နိူင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး၏ နေအိမ်ကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် အဖွဲ့များက လာရောက်ချိတ်ပိတ်ခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။
ထုံးဘိုရပ်ကွက်ရှိ နိူင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဇော်ဟိန်းနောင်၏ နေအိမ်ကို ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ် ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့တို့က လာရောက်ချိတ်ပိတ်ခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။
“သူ့ကို စစ်တပ်က ဖမ်းမိပြီး အိမ်ကိုလာချိတ်ပိတ်တာ PDFတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး အခုထိတော့ ဘယ်မှာစစ်ဆေးနေလဲ မသိဘူး”ဟု ပြောသည်။
ကိုဇော်ဟိန်းနောင်ကို ပြီးခဲ့သည့်လက စစ်ကိုင်းမြို့၏ နေရာတစ်ခုတွင် စစ်ကောင်စီတပ်က ဖမ်းဆီးရမိခဲ့တာဖြစ်သည်ဟု မြို့ခံတွေဆီက သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းမြို့ #ထုံးဘိုရပ်ကွက်