ကနီတိုက်ပွဲတွင် စစ်ကောင်စီမှ ရဟတ်ယာဥ်သုံး တိုက်ခိုက်နေပေမယ့် စစ်သား ၂၀ ထက်မနည်း သေဆုံးထား

Author ခေတ်နီ
Categories
Published on Dec 21, 2022

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ ကာကွယ်ရေးတပ်များ အကြား ယနေ့ နံနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်တပ်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေပေမယ့် စစ်သား ၂၀ဦးထက်မနည်း သေဆုံးထားကြောင်း ဒေသကာကွယ်ရေးတပ် တာဝန်ရှိသူများထံမှ သိရသည်။

ကနီမြို့နယ် မုဌေါရွာအနီးတွင် ယနေ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန် မှစတင်ပြီး စစ်ကောင်စီနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက Mi35 ရတ်ယာဉ်များဖြင့် ပစ်ခတ်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၂၀ဦးထက်မနည်း သေဆုံးနေပြီး ဒေသကာကွယ်ရေးတပ်များဘက်မှလည်း ထိခိုက်မှုများရှိကြောင်း သိရသည်။

“ဒီတိုက်ပွဲက မုဌေါရွာမှာမနက်ပိုင်းကစပြီး တိုက်နေတာ တိုက်တာကတော့ ကနီ ၊ယင်းမာပင် ၊ဆားလင်းကြီး၊ပုလဲ ၄ မြို့နယ်က တပ်တွေပေါင်းတိုက်နေတာ အစ်ကိုတို့ဖက်လဲ ထိမိတာတချို့ရှိတယ် အဲ့တာကတော့ ဘယ်အဖွဲ့ကလဲဆိုတာ မသိရသေးဘူး”ဟု မြောက်ယမား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုခန့်မှ CJ Platform သို့ပြောသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျောက်မှော်ကျေးရွာမှ ပြည်သူ ၃ဦးနှင့် PDFတပ်ဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်ခဲ့သည့် တပ်ဖြစ်ပြီး ယနေ့တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု ရှိမရှိကိုတော့ မသိရှိရသေးပါဘူး။

လက်ရှိ အချိန်အထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်ကောင်စီတပ်မှ ရဟတ်ယာဥ်ဖြင့် ထပ်မံပစ်ခတ်မှုတော့ မရှိတော့ကြောင်း သိရသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကနီ #ရဟတ်ယာဉ် #စစ်ကောင်စီတပ်အထိနာ