နွေဦးတက္ကသိုလ်နှင့် နယူးဇီလန်အခြေစိုက် VICTORIA UNIVERSITY OF WELLINGTON တို့ လက်တွဲပူးပေါင်း

Author ခူးဆယ်
Categories
Published on Dec 19, 2022

 

နယူးဇီလန် အခြေစိုက် သုတေသနပြုမှု အထူးပြုတက္ကသိုလ်တစ်ခုဖြစ်သည့် VICTORIA UNIVERSITY OF WELLINGTON နှင့် နွေဦးတက္ကသိုလ် တို့သည် လူငယ်ဖွံ့ဖြိုးရေးနှင့် လူငယ်များ၏ သုတေသနစွမ်းရည် တိုးတက်ပြန့်ပွားစေရန်အတွက် လက်တွဲပူးပေါင်းလိုက်ပြီဖြစ်ကြောင်း နွေဦးတက္ကသိုလ်မှ ထုတ်ပြန်ထားသည်။

မြန်မာပြည်ရှိ ကျောင်းသားလူငယ်များ၏ သုတေသနစွမ်းရည်၊ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး၊ သိပ္ပံပညာရပ်များ ပြန့်ပွားတိုးတက်စေနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်ရခြင်းဖြစ်ကြောင်း နွေဦးတက္ကသိုလ်မှ အသိပေးထားသည်။

အဆိုပါ သဘောတူစာချွန်အရ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံရှိ ကျောင်းသားလူငယ်များအတွက်
ဒစ်ဂျစ်တယ် လေ့ကျင့်ရေးပတ်ဝန်းကျင်များ တည်ဆောက်ခြင်း၊ အွန်လိုင်း ဟောပြောပွဲ၊ လူငယ်ဖွံ့ဖြိုး လှုပ်ရှားမှုများဖော်‌ဆောင်ရာတွင်လည်း နွေဦးတက္ကသိုလ်မှာ အားဖြည့်ပါဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

နွေဦးတက္ကသိုလ်သည် ချင်းမိုင်တက္ကသိုလ်နှင့် ပူးပေါင်းထားပြီ မြန်မာကျောင်းသား ၅၀၀ကိုသင်တန်းပို့ချရန် သဘောတူညီမှု ရရှိထားသည့်အပြင် အမေရိကန်နိုင်ငံရှိ Arizona State University နှင့်ပူးပေါင်းပြီး ကျောင်းသား ၃၀ကို ပညာသင်ဆုများ ပေးအပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #နွေဦးတက္ကသိုလ် #ပညာသင်ဆု