မြောင်နယ်မှာ မီးဘေးသင့် CDMဝန်ထမ်းများအား CRPHထောက်ပံ့

Author ခေတ်နီ
Categories
Published on Dec 17, 2022

 

မကွေးတိုင်း မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့မှုများကြောင့် နေအိမ်ဆုံးရူံးခဲ့ရသည့် ဒေသခံ CDMဝန်ထမ်းများအား ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၏ ပြည်သူ့ရေးရာကော်မတီမှ ငွေကြေးထောက်ပံ့မှုအား တဆင့်ပြန်လည်ပေးအပ်ခဲ့ကြောင်း CDSOMမှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ ကိုနွေဦးမှ သူ၏လူမှုကွန်ရက်တွင် အသိပေးထားသည်။

စစ်ကောင်စီတပ်၏ မီးရှို့မှုများကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် ဒေသခံ CDMဝန်ထမ်း ၅၁ ဦးကို CRPHမှ ထောက်ပံ့သည့် ငွေများအား တစ်ဦးလျှင် ငွေကျပ် တသိန်း နှုန်းဖြင့် ကိုနွေဦးမှ ယနေ့မှာ ပြန်လည်ပေးအပ်ခဲ့တာပဲ ဖြစ်သည်။

“ကျနော်တို့ မြောင်နယ်ထဲက နေအိမ်မီးရှို့ခံရတဲ့CDM တွေကို စာရင်းကောက်ပီး CRPHကိုတင်တယ် သူတို့ကနေမှ ပေးတဲ့ ထောက်ပံ့တဲ့ငွေကို ကျနော်က CDMတွေဆီ ပြန်ပေးရတာပေါ့ ကျနော်က ကြားခံလုပ်ပေးရုံပါပဲ”ဟု ကိုနွေဦးမှ ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDMပြုလုပ်ထားသည့် အစိုးရဝန်ထမ်းပေါင်း မြောက်များစွာရှိနေပြီး အများစုမှာ မည်သည့် ထောက်ပံ့မှုများ မရရှိသည့်အပြင် စစ်ကောင်စီတပ်များ၏ လိုက်လံဖမ်းဆီးမှုများကြောင့် တိမ်းရှောင်ထွက်ပြေးနေရသည့် CDMဝန်ထမ်းများလည်း အမြောက်အများ ရှိနေလျက်ရှိသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မကွေးတိုင်း #မြောင်မြို့နယ် #CDM