ဧရာဝတီတိုင်းအတွင်း အဝေးပြေးလမ်းမများဘေးရှိ နေအိမ်များကို စစ်ကောင်စီက လမ်းနယ်ဟုဆိုကာ အမိန့်ပေးဖျက်ခိုင်းနေ

Author စကားဝါ
Categories
Published on Dec 17, 2022

ဧရာဝတီတိုင်းတွင်းရှိ မအူပင်၊ ပန်းတနော်၊ ပုသိမ်၊ မြောင်းမြမြို့နှင့် အချို့မြို့နယ်များအတွင်းရှိ အဝေးပြေးလမ်းမဘေး နေအိမ်များကို စစ်ကောင်စီ လမ်းနယ်နမိတ်နှင့် မလွတ်ကင်းဟုဆိုကာ အမိန့်ပေး ဖျက်ခိုင်းနေကြောင်း ဒေသခံများမှ ပြောသည်။

မအူပင်မြို့နယ်တွင် မအူပင်-ရေလဲ လမ်းမတလျှောက် လမ်းဘေးဝဲယာ ပေ၅၀အတွင်း တည်ဆောက်ထားသည့် နေအိမ်များကို ဖျက်သိမ်းခိုင်းခြင်း၊ ပုသိမ်-ချောင်းသာ လမ်းမတလျှောက် လမ်းဘေးဝဲယာ ပေ၅၀အတွင်း တည်ဆောက်ထားသည့် နေအိမ်များဖျက်သိမ်းခိုင်းခြင်း၊ မြောင်းမြ-လပွတ္တာ လမ်းမတလျှောက် လမ်းဘေးဝဲယာ ပေ ၅၀အတွင်း တည်ဆောက်ထားသည့် နေအိမ်များအား ဖျက်သိမ်းခိုင်းခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

“မနက်က စည်ပင်က လမ်းနယ်တွေကို လိုက်တိုင်းတယ် လမ်းနယ်နဲ့ မလွတ်ဘူး ၃ရက်အတွင်း ဖျက်ရမယ်လို့ ပြောသွားတယ်၊ ဘာနစ်နာကြေး လျော်ကြေးမှ မပေးဘူး၊ ဒီနေရာတွေ မြို့နယ်နမိတ်အတွင်းပဲ ရှိသေးတာ၊ မဖြစ်မနေဖျက်ရမယ်လုပ်တယ်၊ သတင်းကြားရတာကတော့ ခွေးလေးကြီးက ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် လမ်းချဲ့ဖို့ ဖျက်ခိုင်းတာလို့ ကြားတယ်”ဟု မြောင်းမြမြို့နေ ဒေသခံတစ်ဦးကပြောသည်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ ကျူးကျော်ဟုဆိုကာ နေအိမ်များ ဖျက်သိမ်းခိုင်းခြင်း၊ လမ်းနယ်နမိတ်မလွတ်ဟုဆိုကာ နေအိမ်များအား အဓမ္မ ဘူဒိုဇာများဖြင့် ထိုးကာ ဖျက်သိမ်းခြင်းများ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေခဲ့သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဧရာဝတီတိုင်း #ကျူးကျော် #လမ်းနယ်နမိတ်