မြင်းခြံ-ဆီမီးခုံသွား ကားလမ်းဘေးတွင် ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်လောင်းတွေ့ရှိ

Author ကိုပေါက်
Categories
Published on Dec 14, 2022

မြင်းခြံမြို့နယ်၊ မြင်းခြံ-ဆီမီးခုံသွားကားလမ်း ကားလမ်းဘေးတွင် ယနေ့ နံနက်ပိုင်းက ဓားဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားနှစ်ဦးအလောင်းကို တွေ့ရှိခဲ့သည်ဟု မြို့ခံတွေဆီကသိရသည်။

မြင်းခြံ-ဆီမီးခုံသွားကားလမ်း ကံကျေးရွာနှင့် သာပေါင်းကျေးရွာကြား ကားလမ်းဘေးတွင် ယနေ့ နံနက်ရှစ်နာရီကသေဆုံးနေသည့် အမျိုးသားနှစ်ဦးအလောင်းကို ဒေသခံများမှ တွေ့ရှိခဲ့တာဖြစ်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“ဘယ်အချိန်က သေနေလဲတော့ မသိဘူး ဒီနေ့မနက်မှတွေ့တာ ထိုးသွင်းဒဏ်ရာတွေနဲ့သေနေတာ ခေါင်းမှာလည်း ဓားခုတ်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့တယ် ဘယ်ရွာကလဲ မသိဘူး”ဟု ရှင်းပြသည်။

သေဆုံးနေသည့် အမျိုးသားနှစ်ဦးကို လူနာတင်ယာဥ်ဖြင့် မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံကို ပရဟိတအဖွဲ့က ပို့ဆောင်ပေးခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

ဓားဒဏ်ရာဖြင့် သေဆုံးနေသည့် အမည်မသိ အမျိုးသားနှစ်ဦးကိစ္စနှင့် ပါတ်သတ်၍ CJ Platform မှ သီးခြား အတည်ပြုနိူင်ခြင်း မရှိပေ။

လက်ရှိအခြေအနေတွင် အဆိုပါသေဆုံးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်နှင့် ရဲတွေက စစ်ဆေးမှုတွေ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #မြင်းခြံ #အလောင်း