ရေတပ်မှ သွားရောက်ကယ်တင်လာသည့် ရိုဟင်ဂျာများကို မင်းအောင်လှိုင်မှ ပြန်ပို့ခိုင်း

Author ကိုပေါက်
Categories
Published on Dec 10, 2022

မြိတ်မြို့နယ်ရှိ ပင်လယ်ပြင်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တွေ့ရှိခဲ့သည့် ရိုဟင်ဂျာ ၁၅၄ ဦးကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ မူလနေရပ်သို့ ပြန်ပို့ခိုင်းသည်ဟု စစ်တပ်နှင့် နီးစပ်သူတွေဆီက သိရသည်။

မြိတ်မြို့ အနောက်တောင်ဘက် ၁၅၅မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက ရိုဟင်ဂျာ
၁၅၄ ဦးကို ရေတပ်မှ သွားရောက်ကယ်တင်သည်ဟု စစ်ကောင်စီ၏ ဝါဒဖြန်မီဒီယာများထုတ်လွှင့်အပြီး မူလနေရပ်သို့ ပြန်ပို့ခိုင်းတာဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“သွားကယ်ဆိုပြီး ​ကြေးနန်းဝင်တယ် သွားကယ်ပြီးတော့လည်း မူလနေရပ်ကိုပြန်ပို့ခိုင်းတယ် ဘယ်ကလာလို့ လာမှန်းမသိတာကို ဘယ်ကိုသွားပို့ရမှာလဲ နာမည်ယူတော့ သူတို့ယူတာ”ဟု ပြောသည်။

သွားရောက် ကယ်တင်ခဲ့သည်ဆိုသော ရိုဟင်ဂျာ အမျိုးသား၈၃ဦး၊ အမျိုးသမီး၄ဝဦးနှင့် ကလေး၃၁ဦးတို့မှာ စစ်တွေမြို့နယ်တွင် နေထိုင်သည်ဟုဆိုကာ ပြန်လည်ပို့ဆောင်ရန်လုပ်နေသည်ဟု လဝကနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တွေကဆိုပြီး ရေတပ်က ပြောတော့ စစ်တွေက လဝကက တိုင်းရုံးကို သတင်းပို့ တိုင်းကနေ ကာကွယ်ရေးကိုသတင်းပြန်ပို့တယ် ဒီမြို့နယ်က လူတွေမဟုတ်ဘူးဆိုပြီး ရေတပ်က စစ်တွေကို ပို့မယ်ပြောပေမဲ့ ပို့မပို့တော့ မသိဘူး”ဟုရှင်းပြသည်။

 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့ပင်လယ်ပြင်ပိုက်နက်အတွင်း စက်လှေများဖြင့် တွေ့ရှိရသည့် ရိုဟင်ဂျာများကို ဆေးဝါးကုသပေးပြီးနောက် မြန်မာ့ရေပိုင်နက်အဆုံး နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ စက်လှေပေါ်တွင် ရိက္ခာများ တင်ဆောင်ပေးကာ ပြန်လည် စေလွှတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

လက်ရှိအခြေအနေတွင် အဆိုပါရိုဟင်ဂျာ ၁၅၄ ဦးကို စားနပ်ရိက္ခာအပြည့်အစုံဖြင့် ပြန်ပို့မည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း မည်သည့်အရပ်ဒေသသို့ ပို့မည်ကိုမူ မသိရသေးကြောင်း လဝကနှင့် နီးစပ်သူတွေဆီက သိရသည်။

 

ဦးသိန်းစိန်အစိုးရလက်ထက်တွင် မြန်မာ့ပင်လယ်ပြင်ပိုက်နက်အတွင်း စက်လှေများဖြင့် တွေ့ရှိရသည့် ရိုဟင်ဂျာများကို ဆေးဝါးကုသပေးပြီးနောက် မြန်မာ့ရေပိုင်နက်အဆုံး နိုင်ငံတကာ ရေပိုင်နက်အတွင်းသို့ စက်လှေပေါ်တွင် ရိက္ခာများ တင်ဆောင်ပေးကာ ပြန်လည် စေလွှတ်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။