စားဝတ်နေရေးအဆင်မပြေ၍ မိခင်ဖြစ်သူက သုံးနှစ်အရွယ်သမီးကို ခေါ်၍ နဝဒေးတံတားပေါ်က ခုန်ချ သတ်သေ

Author CJ Platform
Categories
Published on Aug 28, 2022

🖋အောင်နိူင်သူ
စားဝတ်နေရေးအဆင်မပြေ၍ အသက်၂၄ အရွယ်အမျိုးသမီးတစ်ဦးက သုံးနှစ်အရွယ်သမီးလေးကိုခေါ်ကာ ပြည်နဝဒေးတံတားပေါ်ကနေ မိမိကိုယ်ကိုယ်ကိုယ် ခုန်ချကာ သတ်သေခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့ရသူများ ထံမှ သိရသည်။
ပြည်မြို့ နဝေးဒေးတံတားပေါ်သို့ ယနေ့ညနေသုံးနာရီခန့် က အသက်၂၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးသည် အသက်သုံးနှစ်အရွယ်သမီးဖြစ်သူကို လက်ဆွဲခေါ်လာကာ နဝဒေးတံတားတိုင်အမှတ် ၂နှင့် ၃ ကြားမှ ခုန်ချသွားတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“တံတားပေါ်ကနေ ရေပြင်ကို ကြည့်ပြီး အကြာကြီး စဥ်းစားနေတာ ပြီးတော့ ကလေးကိုချီပြီး ဖိနပ်ချွတ်ပြီးခုန်ချသွားတာ စိတ်ထဲမကောင်းလိုက်တာဗျာ စားဝတ်နေရေးမပြေလည်တော့ နောက်ဆုံးလမ်းကိုရွေးလိုက်တာ”ဟု ပြောသည်။
ခုန်ချသွားသည့် သားအမိနှစ်ဦးအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)နှင့် ပရဟိတအဖွဲ့တွေက ဧရာဝတီမြစ်အတွင်းလိုက်လံရှာဖွေနေသည်ဟု ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ရှာနေတုန်းပါ အခြေအနေကိုပြန်ပြောပေးပါမယ်”ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့ကလည်း အလုပ် အဆင်မပြေ၍ မရမ်းကုန်းမြို့နယ် ၉ ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ အသက်၅၈နှစ်အရွယ်အမျိုးသားတစ်ဦး ခုန်ချပြီးသေကြောင်းကြံစည်ခဲ့ဖူးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိူင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာပြီး ကုန်စျေးနှုန်းကြီးမြှင့်မှုကြောင့် ပြည်သူများ ထမင်းကို နေ့နဲ့ည ပေါင်းစားရသူတွေရှိပြီး အချို့မှာဘုန်ကြီးကျောင်းမှ ပြန်စွန့်သောထမင်းဟင်းများစားသောက်၍ အသက် ဆက်နေရသည်။

Related News

Depend on news