၃၇မင်း နတ်အကကို ထိန်းသိမ်းနိူင်ရန်ဟုဆိုကာ ဥပဒေကြမ်းတစ်ခု စစ်ကောင်စီက ရေးဆွဲနေ

Author ကိုပေါက်
Categories
Published on Dec 09, 2022

အာဏာသိမ်း စစ်ခေါင်းဆောင်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ၃၇မင်း နတ်အကကို ထိန်းသိမ်းနိူင်ရန် ဥပဒေကြမ်းတစ်ခုရေးဆွဲနေသည်ဟု ဝန်ကြီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

၃၇ မင်းနတ်အက ၊အပျိုတော်အကနှင့် နတ်အကများကို အမျိုးသားအဆင့် ယဥ်ကျေးမှုအဖြစ် သတ်မှတ်နိူင်ရန်အတွက် ဥပဒေကြမ်းတစ်ခုအဖြစ် ရေးဆွဲနိူင်ရန် စီစဥ်နေတာဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“စစ်တပ်က ထောက်ခံမဲ့သူမရှိတော့ နတ်ကတော်တွေနဲ့ နတ်ကတဲ့သူတွေကို စည်းရုံးရေးဆင်းတဲ့သဘောပဲ ဥပဒေကတော့ ဘယ်လိုလာအုံးမလဲမသိဘူး အခုမှရေးဆွဲနေတုန်း”ဟု ရှင်းပြသည်။

နေပြည်တော်ကောင်စီ နယ်မြေတွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနက ဒီဇင်ဘာလ ၅ ရက်နေ့တွင် ၃၇ နတ်အက ၊နတ်ကတော်အကနှင့် အပျိုတော်အကများနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်နှင့် နတ်ကတော်အချို့ တွေ့ဆုံခဲ့တာ ဖြစ်စည်ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။

“အရေးကြီးတာတွေမလုပ်ဘဲ ဘေးကကောင်တွေ မြောက်ပေးနေတာတွေ လုပ်နေတာတော့ အဆင်မပြေဘူး ရိုးရာကိုလက်ခံတယ် ဥပဒေရေးဆွဲမယ်ဆိုတော့ ကြားရတာအဆင်မပြေဘူး”ဟု ပြောသည်။

စစ်ကောင်စီမှ ယခုကဲ့ ဥပဒေရေးဆွဲရန် ပြင်ဆင်နေမှုအပေါ် နွေဦးတော်လှန်ရေးအတွင်း လက်နက်စွဲကိုင်ကာ ပါဝင်နေခဲ့သည့် နတ်ကနားစီး လုပ်ဆောင်ခဲ့ဖူးသူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးကလဲ “အဲ့ကောင် ဖလော်မော်တော် မင်းအောင်လှိုင်လုပ်ချင်သမျှကို လိုက်အကောင်ထည်ဖော်ပေးမယ့် တော်ဝင်ကနားစီးတွေကိုလဲ ဖလော်မော်တော်ပဲ ပြောချင်တယ်၊ မရှိသင့်တဲ့ ဥပဒေတော့ မဟုတ်ဘူး တကယ်ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးတော့ ရိုးရာနဲ့ ဓလေ့နဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုနဲ့ အသေချာလုပ်ရမှာကို ဘော်တကော ရော်ကပ်ပြီး အားပေးရင်တော့ သမိုင်းမှာ သူတို့လဲ တစ်ချိန် စာရင်းရှင်းရမယ်”ဟု မှတ်ချက်ပြုသည်။

၃၇ နတ်အက ဥပဒေကြမ်းရေးဆွဲရန် တောင်ပြုံးမှ ရွှေတိုက်စာရင်းဝင် နတ်ကတော်များနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ သုံးရက်အကြာတွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ- CJ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #၃၇မင်း #သူငယ်တော်အက #အပျိုတော်အက #ဥပဒေ