ကောလင်းတွင် ဘိန်းဖြူနှင့် ကျောက်စိမ်း သယ်ဆောင်လာသူများကို မြို့နယ် (ပအဖ)ဖမ်းဆီး

Author ခေတ်နီ
Categories
Published on Dec 05, 2022

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် ဘိန်းဖြူနှင့် ကျောက်စိမ်းများ တင်ဆောင်လာသည့် ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ကြောင်း ကောလင်းမြို့နယ် (ပအဖ) တာဝန်ရှိသူထံမှ သိရသည်။

ကောလင်းမြို့နယ်အတွင်း ဗျူဟာလမ်းပိုင်းတစ်နေရာတွင် မန္တလေးမှပြန်လာသည့် Pajero အမျိုးအစား ကားတစ်စီးကို ယမန်နေ့ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ကောလင်း ပြည့်သူ့လုံခြုံရေးအဖွဲ့မှ ရှောင်တခင်စစ်ဆေးစဥ် ကားပေါ်တွင် စီးနင်းလိုက်ပါလာသည့် လူ ၂ဦးထံမှ ဘိန်းဖြူဟုယူဆရသည့် ဆပ်ပြာခွက် ၁၁၀ ခန့်နှင့် ကျောက်စိမ်းများကို သိမ်းဆည်းရမိခဲ့တာ ဖြစ်သည်။

သိမ်းဆည်းရမိခဲ့သည့် ပစ္စည်းများတွင် ဘိန်းဖြူဟုယူဆရသည့် အရာများအပြင် ကျောက်စိမ်းဟုယူဆရသော ကျောက်(၂၃) လုံး ၊သွေးပြီးသားကျောက်ချော (၉)လုံး ၊Hand phone နစ်လုံး tablet (၁)လုံး ၊laptop(၁)လုံး၊ ကီးဘုတ်(၂)ခု ၊Gram ချိန်စက်(၁)လုံး ၊ကျောက်ကြည့်ဓာတ်မီး(၁)လုံး၊ ဓား(၁)လက်၊တော်ပါပြောင်း(၁)ခု ၊ငွေသား ၁၆၈၂၀၅၀ ကျပ် ၊ပိုက်ဆံအိတ်(၃)လုံး ၊Us Dollar 10$နှင့် ATM ကတ်(၁)ခုတို့ပါပါဝင်ကြောင်း သိရသည်။

“နေ့ခင်း ၁၁ နာရီခွဲလောက်ကဖမ်းမိတာပါ ဖမ်းဆီးရမိပစ္စည်းနဲ့ တရားခံတွေကိုကတော့ NUG ကခန့်အပ်ထားတဲ့ ကောလင်းမြို့နယ် တရားသူကြီး တွေကပဲ ဆုံးဖြတ်မှာပါ”ဟု ကောလင်း (ပအဖ)တာဝန် ရှိသူတစ်ဦးက CJ Platform သို့ပြောပြသည်။

လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့သူများကို ထိန်းသိမ်းထားပြီး တရားသူကြီးများ၏ ဆုံးဖြတ်မှုကို စောင့်ဆိုင်းနေကြောင်း သိရသည်။

ဓာတ်ပုံ- ကောလင်း ပအဖ
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကောလင်း #ဘိန်းဖြူ #ကျောက်စိမ်း #ပအဖ