ကိုးတောင်ဘို့တိုက်နယ်တွင် စစ်ဘေးရှောင်တစ်ဦး မြွေကိုက်ခံရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်အတွင်း စစ်ဘေးရှောင်အမျိုးသားတစ်ဦး မြွေကိုက်ခံခဲ့ရကြောင်း ဒေသခံကျန်းမာရေးဝန်ထမ်းတစ်ဦးထံမှ သိရသည်။
ကိုးထောင်ဘို့ တိုက်နယ်အတွင်း ယနေ့ (နိုဝင်ဘာ ၂၇ ရက်) နံနက် ၂ နာရီခွဲခန့်တွင် အသက်၂၅ နှစ်အရွယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦး မြွေဆိုးကိုက်ခံရတာကြောင့် အရေးပေါ် ဆေးကုသပေးနေရတာပဲ ဖြစ်သည်။
“ဒီဖက်မှာက စစ်ရှောင်အတော်များတယ် ချပ်သင်းတိုက်နယ်ရော ကိုးထောင်ဘို့ရောဆို ပိုးထိတဲ့သူက ၄၀ နီးပါးရှိပြီ၊ သေဆုံးတွေလဲရှိတာပေါ့ ဆေးဝါးဘာညာတော့ခက်ခဲတယ်၊ စစ်တပ်က လမ်းကြောင်းတွေမှာ ပိတ်ထားတော့ အခြားလမ်းကနေသယ်ရတယ် စျေးက အရင်က ခုနှစ်သောင်းလောက်ပဲရှိတာ အခုက တစ်သိန်း ရှစ်သောင်းလောက်ထိ စျေးပေးနေရတယ်”ဟု အဆိုပါစစ်ရှောင်များအား ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဒေသခံကျန်းမာရေး ဝန်ထမ်း ဂျောင်ဒီအွန်မှ CJ Platformသို့ ပြောသည်။
ကိုးထောင်ဘို့ တိုက်နယ်အတွင်း ယခုနှစ် ဧပြီလမှစတင်ကာ စစ်ဘေးတိမ်းရှောင်ရင်းမြေကိုက်ခံရသူ ၃၉ ဦးထိရှိနေပြီး ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးထိသေဆုံးခဲ့ပြီးဖြစ်ကာ စစ်ကောင်စီတပ်မှ ကိုးထောင်ဘို့တိုက်နယ်အတွင်းမှာ ဆေးဝါးများကို ကန့်သတ်ထားမှုများကြောင့် BPIထုတ် မြွေဆိပ်ဖြေဆေးတစ်လုံးလျှင် တစ်သိန်း ရှစ်သောင်းကျပ်အထိ ပေးဝယ်နေရတာပဲ ဖြစ်သည်။
ဓာတ်ပုံ- ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #ကန့်ဘလူမြို့နယ် #ကိုးတောင်ဘို့တိုက်နယ် #မြွေဆိပ်ဖြေဆေး