မဂ်လာဒုံမြို့နယ် စံသမာဓိရပ်ကွက်ကို စစ်ကောင်စီမှ ဘူဒိုဇာနဲ့ထိုးနေ ဖမ်းဆီးခံရသူတွေရှိ

Author ကိုပေါက်
Categories
Published on Nov 26, 2022

မဂ်လာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုက စံသမာဓိရပ်ကွက်ကို ယနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးတစ်ဦး ဦးဆောင်ကာ ဘူဒိုဇာဖြင့်ဝင်ထိုးပြီး ဓာတ်ပုံရိုက်သူတွေကို ဖမ်းဆီးသွားသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

စံသမာဓိရပ်ကွက်ကို ယနေ့မနက်ပိုင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးကြီးနှင့်အဖွဲ့ ၊ ရဲတပ်ဖွဲ့၊ထွေအုပ်နှင့် စွမ်းအားရှင်အဖွဲ့များ ဦးဆောင်ကာ ဘူဒိုဇာဖြင့် ထိုးခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“G 1 ဦးဆောင်ပြီးလာဖျက်တာ တပ်ပိုင်မြေပြောလိုက် စည်ပင်ပိုင်ပြောလိုက် ဦးပိုင်ပြောလိုက်နဲ့ ဒီနေ့ မနက် စစ်တပ်ရော ရဲရော စွမ်းအားရှင်တွေပါ ပေါင်းပြီးလာဖျက်တာ အချို့လူတွေလဲ အရိုက်ခံရတယ် အဖမ်းခံရတဲ့သူတွေလဲ ရှိတယ်”ဟု ပြောသည်။

ဓမ္မပါလ၊ ဂုံညှင်းနီ ၊မြဝတီစိုက်ခင်း ၁နှင့် ၂ ကို ပြီးခဲ့သည့်ရက်က ဖျက်ပြီးနောက် ယနေ့ နံနက်ပိုင်းမှာ စစ်တပ်က ဦးဆောင်ကာ နေအိမ်များကို ဘူဒိုဇာဖြင့်ထိုးသည့်အပြင် ဖမ်းဆီးခံရသူတွေလည်း ရှိသည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform ကိုပြောသည်။

“ဗီဒီယိုရိုက်လို့ လူငယ်တစ်ဦးအဖမ်းခံရတယ် အမျိုးသမီးတစ်ဦးနဲ့ ၂ နှစ်အရွယ် ကလေးလဲ အဖမ်းခံရတယ် ကယ်မဲ့သူ မရှိဖြစ်နေပြီ”ဟု ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုရှိ ရပ်ကွက်ငါးခုက အိမ်ခြေတစ်သောင်းကျော်ကို တပ်ပိုင်မြေတွင် ပါဝင်သည်ဟုဆိုကာ နိုဝင်ဘာ၁၈ ရက်နေ့က စတင်ဖျက်သိမ်းခဲ့တာဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform