သံလမ်းတလျှောက် ပုံမှန်သွားနေသည့် ရထားသည် မင်းအောင်လှိုင်ယာဉ်တန်းအား ရပ်တန့်မပေးသဖြင့် ဌာနတစ်ခုလုံး စစ်ဆေးခံရ

Author လင်းခိုင်
Categories
Published on Nov 05, 2022

သံလမ်းတလျှောက် ပုံမှန်သွားနေသည့် ရထားသည် မင်းအောင်လှိုင်ယာဉ်တန်းအား ရပ်တန့် မပေးသဖြင့် ဌာနတစ်ခုလုံး စစ်ဆေးခံခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ ၁၉ ရက်တွင် ပျဉ်းမနားဘူတာကြား မင်းအောင်လှိုင်စီးနင်းလာသည့် ယာဉ်တန်းသည် မီးရထားသံလမ်းကို ဖြတ်ကူးစဉ် မင်းအောင်လှိုင် လိုက်ပါလာသည့် ကားသည် ရထားနှင့် တိုက်လုနီးပါးဖြစ်ပွားခဲ့သဖြင့် စစ်ကောင်စီ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာန၊ သွားလာပို့ဆောင်ရေး အထွေထွေမန်နေဂျာသို့ လိပ်မူပြီး စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ မင်းအောင်လှိုင်စီးနင်းလာသည့် ယာဉ်တန်းဖြင့် တိုက်လုနီးပါးဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး ရထားယာဉ်မောင်းဖြစ်သူ ဖိုးလပြည့်ကို အရေးယူရန် လုပ်ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ယင်းဖြစ်စဉ်တွင် မင်းအောင်လှိုင်ယာဉ်တန်းနှင့် ရထား တိုက်လုနီးပါးဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေးအဖွဲ့က ယာဉ်ကြောရှင်းလင်းပေးခဲ့ရသည့်အတွက် သက်ဆိုင်ရာ၀န်ထမ်းများအားလုံးကို အသေးစိတ်စစ်ဆေးကာ ပြန်လည်တင်ပြရမည်ဟု မင်းအောင်လှိုင်၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး၀န်ကြီးဌာနက ညွှန်ကြားခဲ့သည်။

ရထားများသွားလာမှုသည် သတ်မှတ်ထားသည့် အချိန်အတိုင်း သွားလာခြင်းဖြစ်သော်လည်း စည်းကမ်းအတိုင်း လိုက်နာမှုမရှိသည့် မင်းအောင်လှိုင် ယာဉ်တန်းမှ ရထားသံလမ်းကို အလုအယက်မောင်းနှင်သည့်အတွက် ယခုကဲ့သို့ ရထားဖြင့် တိုက်လုနီးပါးဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

 

Related News

Depend on news