ခင်ဦးမြို့နယ်တွင် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် ဖက်ဆစ်စစ်တပ်နှင့် ပျူစောထီး ရှစ်ဦးခန့်သေ

Author မွန်လေး
Categories
Published on Nov 04, 2022

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် ဖက်ဆစ်စစ်တပ်နှင့် ပျူစောထီး ရှစ်ဦးခန့်သေဆုံးခဲ့ကြောင်း Khin U Special Force Organization-KSO က ယနေ့တွင် ထုတ်ပြန်ထားသည်။

ပူးပေါင်းတိုက်ခိုက်မှုသည် နို၀င်ဘာ ၃ ရက် ည ၈နာရီ မိနစ် ၃၀ အချိန်တွင် ခင်ဦးမြို့နယ်ရှိ ဖက်ဆစ်စစ်သတ်မှ တပ်သားများနှင့် လက်အောက်ခံ ပျူစောထီးများ အခြေချထားသည့် ရွာသစ်ကုန်းကျေးရွာနှင့် အင်းပတ်ကွေ့ နေရာများသို့ လက်လုပ် ၂ဆင့်ကွဲများဖြင့် ၇ ချက်ခန့် ပစ်သွင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် အထိနာသဖြင့် ထွက်ပြေးသည့် စစ်တပ်အား မိုင်းကွင်းအတွင်း ရောက်ရှိလာသောကြောင့် ဖောက်ခွဲတိုက်ခိုက်ရာ ၅ ဦးသေဆုံးခဲ့သည်။

ထို့နောက် ဖက်ဆစ်စစ်တပ်မှ ပြန်လည်ပစ်ခတ်လာသည့်အတွက် အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ဖြစ်ပွားခဲ့ကာ၊ အကြမ်းဖက် စစ်တပ်မှ ထပ်မံအထိနာပြီး ပျူစောထီး သုံးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယခုစစ်ဆင်ရေးအား မြို့နယ်ပကဖနှင့် KSO တပ်ခွဲ ၁၊ ဒေါင်းစစ်သည် LDF-KU၊ Khin U Dog Killer၊ Future Heros ၊ ဗိုလ်လင်းယုန် ပြောက်ကျားတပ်ဖွဲ့၊ စွန်ရဲနီ၊ သူရိတ်လျှပ်စီး မိုးကြိုး အဖွဲ့တို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။