ဖလမ်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး CDM လုပ်ဆောင်

Author ခေတ်နီ
Categories
Published on Nov 03, 2022

ချင်းပြည်နယ် ဖလမ်းမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦး CDMပြုလုပ်လာခဲ့ကြောင်း CDF CDM Siyinမှ အသိပေး ထုတ်ပြန်ထားသည်။

ဖလမ်းမြို့မရဲစခန်းမှ ကိုယ်ပိုင်နံပတ် လ- —ရဲတပ်သားမန်ဆွမ်(Mang Suan)သည် ပြီးခဲ့သည့်နိုဝင်ဘာလ ၁ ရက်နေ့တွင် CDF CDM Siyin ထံ CDMပြုလုပ် အလင်းဝင်လာခဲ့တာပဲ ဖြစ်သည်။

၎င်းရဲတပ်သားသည် လုပ်သက် ၄ နှစ်ခွဲရှိနေပြီဖြစ်ပြီး CDM ပြုလုပ်ချင်သည်မှာ ကြာပြီဖြစ်သော်လည်း မိသားစုအား အကြပ်ကိုင်ထားမှုခံနေရခြင်းကြောင့် ယခုအခါမှသာ CDM ပြုလုပ်အလင်းဝင်ရခြင်းဖြစ်ကြောင်း ၄င်းရဲသားမှ ဆိုထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။