အမြန်လမ်း၌ ယာဉ်တစ်စီး တိမ်းမှောက်၍ ကူညီရန်သွားရာ ယာဉ်ပေါ်ပါရှိသူများ တစ်ဦးမျှ မတွေ့ရ

Author မေ
Categories
Published on Oct 30, 2022

အမြန်လမ်းပေါ်၌ ယာဉ်တစ်စီး တိမ်းမှောက်၍ ကူညီရန်သွားရာ ယာဉ်ပေါ်ပါရှိသူများ တစ်ဦးမျှ မတွေ့ရကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းပေါ် ၊ မိုင်တိုင်အမှတ်(၅၄/ဝ-၁)ဖာလုံးကြားတွင် အောက်တိုဘာလ ၂၉ ရက်၊ ညနေပိုင်းက Toyota Succeed အမျိုးအစား (ခဲရောင်) အိမ်စီးမော်တော်ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။

အဆိုပါ ယာဉ်တိမ်းမှောက်မှုအား အမြန်လမ်း မီးသတ်တပ်ဖွဲ့မှ ကူညီရန် သွားရောက်သော အခါ ယာဉ်ပတ်ဝန်းကျင်၌ ယာဉ်မောင်း၊ ခရီးသည် စသည်ဖြင့် ယာဉ်ပေါ်လိုက်ပါလာသူ တစ်ဦးမှ မတွေရဘဲ ယာဉ်မှာ လမ်းလည်ကျွန်းအား ဝင်တိုက်ကာ ပက်လက်အနေအထားဖြင့် တိမ်းမှောက်နေသည်ကို တွေ့ရခြင်းဟု သိရသည်။

“without ကားစီးပြီး လမ်းလည်ကျွန်းကို ဝင်တိုက်တဲ့ သဘောပါ။ အမြန်လမ်းပေါ်ဆိုတော့လဲ ဖြစ်ဖြစ်ခြင်း ဘယ်သူမှ မတွေ့လိုက်ဘူးထင်တယ်။ ယာဉ်ပေါ်ပါလာသူတွေက ယာဉ်ကို စွန့်ပစ်ပြီး ထွက်ပြေးသွားကြတာပါ” ဟု ကူညီပေးခဲ့သူ တစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်မှောက်မှုနှင့် ပတ်သတ်၍ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ Toyota Succeed အမျိုးစား(ခဲရောင်)ယာဉ်တစ်စီး လမ်းလည်ကျွန်းရှိ Guard-Rail တန်းအားတိုက်မိပြီး ပက်လက်လှန် ရပ်တန့်နေကြောင်း သတင်းရ၍ ဘောနီအမြန်လမ်း မီးသတ်စခန်းမှ တပ်ဖွဲ့ဝင် ၅ ဦး၊ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အတူ ကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ဆောင်ရွက်ခဲ့ရာ အဆိုပါယာဉ်တိုက်မှုကြောင့် ယာဉ်ပတ်ဝန်းကျင်တွင်ယာဉ်မောင်း- ခရီးသည် တစ်ဦး တစ်ယောက်မှ မတွေ့ရှိရပါဟု ထုတ်ပြန်ထားသည်။