လှိုင်သာယာတွင် အမျိုးသားတစ်ဦးကို PDFဟုထင် ကာ ရိုက်နှက်စစ်ဆေးရာမှ ရဲနယ်ထိန်းဟောင်း တစ် ဦးဖြစ်နေခဲ့ပြီး သေနတ်တစ်လက်ပါ သိမ်းဆည်းရမိ

Author ကိုပေါက်
Categories
Published on Oct 27, 2022

လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းဘေး၊ ဗဟိုလမ်းတွင် ယမန်နေ့(အောက်တိုဘာ ၂၆) ညနေပိုင်းတွင် မြန်မာဖက်ဆစ်တပ်က ယာဉ်တစ်စီးအား စစ်ဆေးရာမှ နယ်ထိန်းရဲတပ်သားဟောင်းတစ်ဦးကို သေနတ် တစ်လက်နှင့် ဖမ်းဆီးရမိခဲ့သည်ဟု မြို့ခံတွေဆီက သိရသည်။

အောက်တိုဘာ ၂၆ ည နေ လေးနာရီချိန်၌ ပရိုဘောက်စ် အဖြူရောင်ယာဉ်တစ်စီးကို မြန်မာဖက်ဆစ်တပ်က မင်္သာသဖြင့် စစ်ဆေးရာမှ သေနတ်တစ်လက်ကို ယာဉ်မောင်းသူ၏ ဘောင်းအိတ်အတွင်းက တွေ့ရှိခဲ့သည့်အတွက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက CJ Platform သို့ပြောသည်။

“PDFထင်ပြီး စစ်တာ၊ သူကအစစ်မခံလို့ စစ်တပ်က ရိုက်နှက်ပြီးကိုရှာတာ၊ သေနတ်တွေ့သွားတယ်။ အဲ့ဖမ်းခံရတဲ့သူက အရင်နယ်ထိန်းလုပ်ခဲ့တယ်လို့ပြောသံကြားတာပဲ”ဟု ပြောသည်။

လက်ရှိ ဖက်ဆစ်စစ်တပ်မှ ဖမ်းဆီးခဲ့သူသည် ကိုရန်ပိုင်စိုး ဆိုသူဖြစ်ပြီး ယခင် လှိုင်သာယာမြို့နယ် ၁၆ ရပ် ကွက် နယ်ထိန်းရဲအဖြစ်တာ၀န်ယူခဲ့သူဖြစ်ကာ တူရကီနိုင်ငံထုတ် Zoraki M906 အမျိုးအစားပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးတောင့်တွေ တွေ့ရှိကာ ဖမ်းခံရပြီး ကားပါသိမ်းဆည်းခံခဲ့ရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက CJ Platform သို့ပြောသည်။

“ရဲကနေထွက်တာတော့ကြာပြီ၊ အရင်က ၁၆ ရပ်ကွက် နယ်ထိန်း၊ ဘာလို့ သေနတ်ရှိနေတယ်ဆိုတာ မပြောတတ်ဘူး၊ စစ်ဆေးနေတုန်းပဲ၊ PDFတော့ မဟုတ်ဘူး၊ ရန်ကုန်မှာ သေနတ်ပြပြီး ဓားပြတိုက်တာတွေနဲ့များ ဆက်စပ်နေမလား မသိဘူး၊ အသေချာစစ်နေတယ်” ဟုပြောသည်။

လက်ရှိဖမ်းဆီးခံရသူ ကိုရန်ပိုင်စိုးသည် လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ ၁၆ ရပ်ကွက်၊ ချမ်းမြေ့သာလမ်းတွင် နေထိုင်သူဖြစ်ပြီး လှိုင်သာယာမြို့မရဲစခန်းက ဆက်လက်စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။