မီးစက်မောင်းပြီး အဲကွန်းဖွင့်ရာမှာ မီးခိုးမွှန်ပြီး ဆေးရုံရောက်

ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ရပ်ကွက် ယုဇနဥယျာဉ်မြို့တော် ၁၁လမ်း Aဘလောက်ရှိ တိုက်ခန်းတစ်ခုမှာ ဇူလိုင် ၂၈ရက် ည ၁၀နာရီခန့်က မီးစက်မောင်းပြီး အဲကွန်းဖွင့်ရာမှ အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားနှစ်ဦး မီးခိုးမွှန်ပြီး အဆိပ်သင့်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။
လျှပ်စစ်မီးပြတ်တောက်နေချိန် နေအိမ်တံခါးတွေကို အလုံပိတ်ကာ မီးစက်မောင်းရာမှ နေအိမ်တွင်း မီးခိုးတွေဝင်ရောက်ပြီ အဲကွန်းလေနဲ့အတူ အဆိပ်သင့်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အမျိုးသမီးကြီးကတော့ သတိလစ်သွားတယ်၊ အကုန်လုံးသက်သာနေပြီ”လို့ သွားရောက်ကူညီခဲ့သူ လူမှုရေးအဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
မီးခိုးအဆိပ်သင့်မှုကို စစ်တောင်းရိပ်မွန် လူမှုကူညီရေးအသင်း၊ လင်း ပရဟိလူမှုကူညီရေးအသင်း၊ ဖြူစင်နှလုံးသား လူမှုကူညီရေးအသင်းတွေက သွားရောက် ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ ၄နာရီလာ ၄နာရီပျက် အလှည့်ကျစနစ်နဲ့ လျှပ်စစ်မီးဖြန့်ဝေပေးမယ်လို့ ထုတ်ပြန်ထားပေမဲ့ ပုံမှန်လျှပ်စစ်မီးရရှိချိန်တွေ နည်းပါးနေပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ CJ Report သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။
ဓာတ်ပုံ – သိမ်းထူးစံ (Facebook)