မြောင်းမြ-ကံကုန်းလမ်းမှာ လမ်းဘေးရေမြောင်းအတွင်း ကားထိုးကျပြီး ရေနစ်ကာ လင်မယားနှစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Jun 17, 2025

ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် မြောင်းမြ-ကံကုန်လမ်း ကျိုက်လတ်ကျေးရွာအနီးမှာ ဇွန်လ ၁၆ရက်နေ့ ညနေ ၅နာရီခန့်က မော်တော်ယာဉ်တစ်စီး လမ်းဘေးရေမြောင်းအတွင်းထိုးကျရာမှ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ လင်မယားနှစ်ဦး ရေမွန်းကာ အသက်ဆုံးပါးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

သေဆုံးသူတွေဟာ ကျိုက်လတ်မြို့နေ ကိုဇေထွဋ်ဝင်းနဲ့ မစန်းစန်းဌေးတို့ဖြစ်ပြီး မိုးရွာသွန်းနေချိန် မျက်နှာချင်းဆိုင်မှ လာသော မော်တော်ယာဉ်ကို တိမ်းရှောင်ရာမှ လမ်းဘေးရေမြောင်းအတွင်း မော်တော်ယာဉ်တိမ်းမှောက်သွားရတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။