ကိုဝေမိုးနိုင်ကို စစ်ကောင်စီမှ ထောင်ဒဏ်၄နှစ်ထပ်မံချမှတ်

Author ခူးဆယ်
Categories
Published on Oct 20, 2022

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်အား စစ်ကောင်စီလက်အောက်ခံ မုံရွာထောင်တွင်းတရားရုံးမှ ယနေ့တွင် ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်လိုက် ကြောင်း ၎င်း၏မိသားစုနှ င့်နီးသူများထံမှ သိရသည်။

ကိုဝေမိုးနိုင်အား စွဲဆိုထားသည့်ပုဒ်မများအထဲမှ ပုဒ်မ ၅၀၅-က အတွက်ထောင် ၂ နှစ်၊ သဘာဝဘေးဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မ ၂၅ အတွက်၂ နှစ် စုစုပေါင်း ထောင် ၄ နှစ် ထပ်မံချမှတ်လိုက်ခြင်း ဖြစ်သည်။

” ဒီနေ့ ထောင်တရားရုံးကနေ ၄ နှစ်ထပ်ချတယ်အရင်ဟာတွေနဲ့ပါ ပေါင်းရင် ၁၀ နှစ်ကျော်နေပြီ”ဟု ၎င်းအသိမိတ်ဆွေတစ်ဦးက CJ Platform ကိုပြောသည်။

ကိုဝေမိုးနိုင်သည် ပြီးခဲ့သည့် သြဂုတ်လ၈ရက်နေ့ကလည်း ၎င်းအားစွဲဆိုထားသည့်ပုဒ်မ ၅၀၅-က အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီဖြင့် ထောင်ဒဏ် ၁၀ နှစ် ထပ်မံ ချမှတ်ခံခဲ့ရဖူးပြီး စုစုပေါင်းထောင်ဒဏ်၁၄နှစ် ချမှတ်ခံထားရတာပဲ ဖြစ်သည်။

ကိုဝေမိုးနိုင်သည် ပြီးခဲ့သည့်နှစ် ဧပြီလ ၁၅ ရက်နေ့တွင် သပိတ်ထွက်နေစဥ် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ အိမ်စီးကားနှင့်တိုက်ကာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ကာလအတော်ကြာ စစ်ကြောရေး၌ စစ်ဆေးမေးမြန်းခံခဲ့ရ သည်။