ပျက်စီးနေသည့် သေနတ်နှင့် လက်နက်ကြီးများကို ပြန်လည်ပြင်ဆင်ကာ လိုအပ်နေသည့် အဖွဲ့များသို့ ထောက်ပံ့သွားမည်ဟု P.S.P.T ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Oct 20, 2022

ပျက်စီးနေသည့် သေနတ်နှင့် လက်နက်ကြီးများကို ပြန်လည်ပြင်ဆင်ကာ လိုအပ်နေသည့် အဖွဲ့များသို့ ထောက်ပံ့သွားမည်ဖြစ်ကြောင်း People Soldiers Team က ယနေ့တွင် ထုတ်ပြန်ထားသည်။

P.S.P.T အနေဖြင့် ERO အဖွဲ့အစည်းမှ ပျက်စီး ယိုယွင်းနေသည့် Assault rifles နှင့် လက်နက်ကြီးအချို့အား ကောင်းမွန်စွာ တိုက်ပွဲ၀င် အသုံးပြုနိုင်သည် အထိ ပြုပြင် ပြင်ဆင်ကာ မကြာမီအချိန်အတွင်း အမှန်တကယ် လိုအပ်ရှားပါးနေသော ၊ operation များဖော်ဆောင်လျက်ရှိသည့် အဖွဲ့များကို ကူညီထောက်ပံ့သွားမည်ဟု ထုတ်ပြန်ထားသည်။

သို့သော် အဖွဲ့နှင့် အနီးစပ်ဆုံးရှိသည့် အဖွဲ့များကို အရင်ဆုံးပေးနိုင်မည်ဖြစ်ပြီး အဖွဲ့များအားလုံးမကူညီနိုင်သေးမည်မဟုတ်သည့်အတွက် အားနာကြောင်းနှင့် ကျန်အဖွဲ့များကို ကူညီနိုင်ရန် ကြိုးစားသွားမည်ဟုဆိုသည်။

P.S.P.T ၏ လူမှုကွန်ယက်စာမျက်နှာ၌ ပြည်သူတစ်ယောက်က မှတ်ချက်ပြုရာတွင်“အညာဘက်က PDFလေးတွေကို ပိုပီးမျှဝေပေးစေချင်ပါတယ်။ ရိုးသားတဲ့ အညာသားဗမာတွေ တူမီးနဲ့ အသက်ပေးပီး တွန်းလှန်နေရတာ မြင်တော့ စိတ်မကောင်းဖြစ်လို့ပါဟု” ရေးသားထားသည်။

P.S.P.T အနေဖြင့် PDF၊ LPDF၊ ပကဖနှင့် UG အဖွဲ့များကို မိမိတို့ တတ်မြောက်ထားသည့် ပညာနှင့် တတ်နိုင်သည့် နည်းလမ်းများဖြင့် တော်လှန်ရေးတွင် ကူညီနိုင်ရန် ကြိုးစားနေသည်ဟု ထုတ်ပြန်ထား သည်။

Related News

Depend on news