နိုင်ငံကျော် အဆိုတော် မာရဇ္ဇ ကွယ်လွန်

Author CJ Platform
Categories
Published on Jan 24, 2025

နိုင်ငံကျော် အဆိုတော် မာရဇ္ဇဟာ ဇန်နဝါရီ ၂၃ ရက်၊ မနေ့က ညပိုင်းက ရန်ကုန်​မြို့ ဗဟိုစည်ဆေးရုံမှာ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ သူနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

သူကွယ်လွန်သွားတဲ့အပေါ်  ဂီတလောကသားတွေနဲ့ ပရိသတ်တွေက ဝမ်းနည်းကြောင်း ဒီကနေ့ မနက်မှာ လူမှုကွန်ရက်က တစ်ဆင့် အသိပေးလာကြပါတယ်။

 

“ကျနော့်ရဲ့ juke box Band နဲ့ လက်တွဲခဲ့တဲ့ အဆိုကျော် (ကို) မာရဇ္ဇမနေ့ညက ကွယ်လွန်သွားတယ် သိရလို့ မိသားစုနဲ့ ထပ်တူကြေကွဲရပါတယ်”လို့ ဂစ်တာ ကိုနိုင်ဇော်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားသည်။

 

အဆိုတော်မာရဇ္ဇရဲ့ သီချင်းတွေထဲ လူငယ်တွေကြား ရေပန်းအစားဆုံးအဖြစ်  ဆွဲအား၊ ဝေးဝေးကလွမ်း၊ အလွမ်းမိတ်ဆွေနဲ့ မျှော်လင့်ခြင်းလမင်း စတဲ့ သီချင်းတွေဟာ  နာမည်ကြီးခဲ့ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

Related News

Depend on news