အင်းစိန်အကျဥ်းထောင်အတွင်း စစ်ကောင်စီတပ်မှ ပစ်ခတ်မှုကြောင့် ထောင်ဝင်စာပို့သူငါးဦးသေ လေးဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Oct 19, 2022

အင်းစိန်အကျဥ်းထောင်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ကြောက်လန့်ကာ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထောင်ဝင်စာပို့သူငါးဦးသေဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရရှိခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

“သေတာ ကြည့်မြင်တိုင်က တစ်ယောက် လှိုင်သာယာက တစ်ယောက် မဂ်လာဒုံက တစ်ယောက် ကျန်တဲ့သူနှစ်ယောက်ကို မသိလို့ သေတာအမျိုးသမီးငါးဦး ဒဏ်ရာရတာလေးယောက် စစ်တပ်က ဗုံးပေါက်တယ်ဆိုပြီး လိမ်ထားတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်မှ ဗုံးပေါက်ကွဲမှုကြောင့် ထောင်ဝင်စာလာပို့သူအချို့ ထိခိုက်ခဲ့ရသည်ဟု ဝါဒဖြန့်ချီနေသော်လည်း CJ Platform မှ ရရှိထားသည့် သတင်းဓာတ်ပုံမှတ်တမ်းများအရ ကျည်ထိဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို စစ်ကောင်စီတ လူနာတင်ယာဥ်များဖြင့် စစ်ဆေးရုံကို ပို့ဆောင်ထားသည်ဟု ထောင်ဝင်စာပို့သူများထံမှ သိရသည်။

လက်ရှိအခြေအနေတွင် အင်းစိန်အကျဥ်းထောင်အတွင်း စစ်တပ်က ထောင်ဝင်စာလာတွေ့သူတွေကို စစ်ဆေးနေပြီး ထောင်အပြင်ဘက်မှာလည်း လုံခြုံရေးတိုးမြှင့်ထားသည်ဟု မြို့ခံတွေဆီက သိရသည်။

အင်းစိန်အကျဥ်းထောင် ဗုံးပေါက်မှုနှင့် ပစ်ခတ်မှုဖြစ်စဥ်တွင် မနက်ပိုင်းက အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ ခုနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ ရမ်းသမ်းပြန်လည်ပစ်ခတ်မှုကြောင့် ထောင်ဝင်စာလာပို့သူ အမျိုးသမီးငါးဦးသေဆုံးကာ လေးဦးဒဏ်ရာရရှိခဲ့တာဖြစ်သည်။

အင်းစိန်အကျဉ်းထောင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ် သတင်းအား အောက်ပါ link တွင် ဝင်ရောက် ဖတ်ရှု့နိုင်ပါသည်။
https://www.facebook.com/cjplatformburma/posts/pfbid02nNn6rCcPuxXDRVBuK8EHW75tuBfPnMKnEpaUcEwG6VMnd7rn83tRUhxckNxn7K1ul