ရန်ကုန်မှာ လူငယ်အများအပြား စစ်ကောင်စီရဲ့ပေါ်တာဆွဲခံနေရချိန် စစ်သင်တန်းတက်ဖို့ ရန်ကုန်ပကခ ဖိတ်ခေါ်
စစ်ကောင်စီရဲ့ ဖမ်းဆီးခေါ်ဆောင်ခံရခြင်း၊ ပေါ်တာဆွဲခံရခြင်းတို့က ကင်းဝေးပြီး တော်လှန်စိတ်ခံရှိသူတွေ တပ်သားသစ်အဖြစ်ဝင်ရောက်နိုင်တယ်လို့ ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(၁)က ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
တစ်လအတွင်း လျှောက်ထားနိုင်သလို လူဦးရေအကန့်အသတ်နဲ့ ခေါ်ယူမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
ပြည်သူ့စစ်သားအဖြစ် လေ့ကျင့်သင်ကြားပေးမှာဖြစ်လို့ ဆင်းရဲပင်ပန်းမှုဒဏ်ခံရမှာဖြစ်သလို စည်းကမ်းချက်တွေနဲ့ ကျင့်ဝတ်တွေကို အထူးလေးစားလိုက်နာရမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းပကဖ(၁)က သတိပေးထားပါတယ်။
ဓာတ်ပုံ – ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(၁)