ကန်ပက်လက်တွင် စစ်ရဟတ်ယာဥ်တစ်စီးကို CDF ကပစ်ခတ်၊ ဆီတိုင်ကီပေါက်ပြီး ပန်ကာတစ် ချောင်းကျိုးသွား

Author ခေတ်နီ
Categories
Published on Oct 16, 2022

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် စစ်ကောင်စီ၏ ပို့ဆောင်ရေး ရဟတ်ယာဥ် နှစ်စီးကို လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ CDF ကန်ပက် လက်က သတင်းထုတ်ပြန်ထားသည်။

ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် စစ်ကောင်စီ၏ ပို့ဆောင်ရေး ရဟတ်ယာဥ်နှစ်စီးကို CDF ကန်ပက်လက်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ထိုပစ်ခတ်မှုကြောင့် ရဟတ်ယာဥ် နှစ်စီးအနက် တစ်စီး မှာ ဆီတိုင်ကီ ပေါက်သွားသည့်အပြင် ပန်ကာတစ်ချောင်း ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုအတွင်း လူထိခိုက်ဒဏ်ရာရှိမှုရှိမရှိကိုတော့ စုံစမ်းနေဆဲဖြစ်ပြီးစစ်ကောင်စီတပ်မှ ယခုရက်ပိုင်းအတွင်း ကန်ပက်လက်မြို့နယ်အတွင်း စစ်အင်အားများကို နည်းလမ်းမျိုးစုံဖြင့် ဖြည့်တင်းနေပြီး အင်အားသုံး စစ်ကြောင်းထိုးမှုများ ဖြစ်လာနိုင်သောကြောင့် ပြည်သူများအနေဖြင့် အသွားအလာ ဂရုစိုက်ကြရန် CDF ကန်ပက်လက်မှ သတိပေးထားသည်။