ဒီးမော့ဆိုမှာ သင်တန်းသား/သူ ၂၄၄ ဦးပါဝင်တဲ့ KNDF ရဲ့ စစ်သင်တန်းဆင်း

Author လဂွန်းအိမ်
Categories
Published on Oct 09, 2024

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)ရဲ့ ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ သင်တန်းသား/သူ ၂၄၄ ဦးပါဝင်တဲ့ လေးလကြာ အခြေခံစစ်သင်တန်း ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့က ဆင်းခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီသင်တန်းဆင်းပွဲကို KNDF စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အောင်မြတ်ကိုယ်တိုင်တက်ရောက်ခဲ့တဲ့အပြင် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)မှ တာဝန်ရှိသူတွေနဲ့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)မှ တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကလည်း KNDF ရဲ့ တပ်ရင်းအမှတ်(၃၁)ကို ရှမ်းတောင်-ကရင်နီအစပ်က ဖယ်ခုံမြို့နယ်မှာ တိုးချဲ့ဖွဲ့စည်းခဲ့ပါတယ်။

 

ဓာတ်ပုံ – KNDF

 

ပုံစာ – KNDF ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲ ပုံရိပ်များ