တန့်ဆည်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများတိုက်ခိုက်ခံရပြီး ၁၆ဦးသေ

Author ခေတ်နီ
Categories
Published on Oct 12, 2022

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင်စစ်ကောင်စီတပ်နှင့် ပျူစောထီးများတိုက်ခိုက်ခံရပြီး ၁၆ဦးသေဆုံးခဲ့တယ်လို့ Phoenix Defence Force -Tazeက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

တန့်ဆည်မြို့နယ် ရွှေတကျေးနှင့် ခပေါင်းကြိုင်ကြားတွင် အင်အား၇၀ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ရွှေဘိုခရိုင်အမှတ်(၇)တပ်ရင်း(တန့်ဆည်ဖီးနစ်)နှင့် ရွှေဘိုခရိုင်အမှတ်(၆)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား၁၆ဦး သေဆုံးခဲ့ကာ အထိခိုက်အများအပြားရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။