အမျိုးသမီးရဲဘော်တွေကို အုပ်ချုပ်ရေးသင်တန်းပို့ချနေတဲ့ မန်း PDF

Author ကိုထားဝယ်
Categories
Published on Aug 07, 2024

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနမှ စစ်မေများကို မြို့ပြအုပ်ချုပ်ရေးယန္တရားလည်ပတ်မှုဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းပေးနေတဲ့ပုံရိပ်တွေကို ယမန်နေ့ ဩဂုတ် ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

 

သင်တန်းကာလနဲ့ သင်တန်းသူဦးရေအပါအဝင် အသေးစိတ်ကိုတော့ ထုတ်ပြန်ချက်ထဲ ထည့်သွင်းမဖော်ပြထားပါဘူး။

မန်း PDF ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ စစ်မေ ၅၀ ထက်မနည်း တက်ရောက်နေတာတွေ့ရပါတယ်။

 

၎င်းတို့ဟာ နိုင်ငံတည်ဆောက်ရာမှာပါဝင်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ သတင်းမီဒီယာ စတဲ့ မဏ္ဍိုင် ၄ ရပ်ထဲက အုပ်ချုပ်ရေးမဏ္ဍိုင်ဖော်ဆောင်နိုင်ရေး စတင်လုပ်ဆောင် လာတာဖြစ်ပါတယ်။

 

မန်း PDF ဟာ မန္တလေးတိုင်းထဲက စဉ့်ကူးမြို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး မတ္တရာမြို့နယ်ထဲက တပ်စခန်း ၃၅ ခုကို သိမ်းပိုက်ထားတဲ့အပြင် မြို့သိမ်းနိုင်ရေး တိုက်ပွဲတွေ ဆင်နွှဲနေသလို သပိတ်ကျင်းမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ဆင်နွှဲနေတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)