တောင်ကုတ်မြို့မှာ ဒီည ဘာဖြစ်နေလဲ

Author ပြည်စိုး
Categories
Published on Jun 15, 2024

အာရက္ခတပ်တော် AA ရဲ့ ဝန်းရံပိတ်ဆို့မှုကို ခံထားရတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ ဒီကနေ့ည ဘာတွေဖြစ်နေလဲဆိုတာကို တောင်ကုတ်မြို့ ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က မြို့ပေါ်တိုက်ပွဲတွေ မကြုံတွေ့ရခင် အချိန်လေး အခုလို သတင်းပေးပို့လာပါတယ်။

 

. ည ၈နာရီလောက်မှာ လေယာဉ်တွေ မြို့ပေါ်ကို နိမ့်နိမ့်လေးပျံပြီးတော့ လှည့်ပတ်နေတယ်။

. မီးတော့ မပျက်ဘူး မီးက ၂၄နာရီနီးနီးရတယ် ဖုန်းလိုင်းက မြို့ပေါ်မှာ ရသေးတယ်၊ အခုည ရွာတွေဘက်ကို ဆက်သွယ်တော့ ရွာတွေဘက်မှာ ဖုန်းလိုင်းမရတော့ဘူး။

. စစ်ကောင်စီတပ်တွေက မြို့ပြင်မှာနဲ့ မြို့တွင်း ခွဲပီးထားတာ၊ မြို့တွင်းကတပ်ကလည်း မြို့ပြင်ကို ပစ်နေသံကြားရတယ်။

. ရေတပ်ကလား မသိဘူး အမြောက်နဲ့ပစ်နေတယ်။

. ည ၁၀နာရီကျော်မှာ လေယာဉ်နဲ့ ဗုံးစကြဲတယ် တော်များတယ် ဆက်တိုက်ကိုကြဲနေတာ ။

. စစ်ကောင်စီတပ်သားတွေ ကြောက်ပြီးတော့ ဝဲကြီး၊ ဝက်ကျိတ်၊ မှိုဟင်းတော၊ သင်္ဘောဆိပ်၊ အောင်သုခဘက်မှာ လမ်းပေါ်လျှောက်ပြေးပြီး သေနတ်ပစ်ဖောက်နေတယ်။

. မီးလာနေပေမယ့် တစ်မြို့လုံးလိုလို မီးပိတ်ထားကြတယ်၊ တိတ်ဆိတ်နေတယ်။ လို့ သတင်းပေးပို့လာပါတယ်။

 

“စိတ်မပူပါနဲ့ ဒီညတော့ အိပ်ပျော်မယ်မထင်ဘူး၊ နောက်ဆုံး အင်တာနက်ရသ၍ ဖုန်းလိုင်းတွေ ရနေသ၍ ဆက်သွယ်ပြီး သတင်းပေးပို့ထားပါမယ်၊ အခုနေရာက လုံခြုံမယ်လို့ မျှော်လင့်ပါတယ်” လို့ CJ Platform ရဲ့ Citizen Journalist က ပြောပါတယ်။

 

ဒါဟာ တောင်ကုတ်မြို့ရဲ့ ဒီကနေ့ည ဖြစ်စဉ်တွေပါ မနက်မှာတော့ ဘယ်လို ဖြစ်စဉ်တွေကို တောင်ကုတ်မြို့ကလေး ကြုံတွေ့ရဦးမယ်လို့ မသိနိုင်သေးပါဘူး။ CJ Platform ရဲ့ Citizen Journalist ကတော့ နောက်ဆုံးရသတင်းတွေကို သူစုစည်းနိုင်သ၍ ပေးပို့၍ ရနိုင်သ၍ အဆက်မပြတ်ပေးပို့သွားမယ်လို့ CJ Platform ရဲ့ အယ်ဒီတာအဖွဲ့ကနေတဆင့် အစဉ်တစိုက် ယုံကြည်စွာ အားပေးနေတဲ့ စာဖတ်ပရိသတ်တွေကို ပြောပေးပါလို့ တောင်းဆိုထားပါတယ်။